အခန်း(၁) - မရှိမဖြစ် မြေဓာတ်စွမ်းအား

14.5K 705 2
                                    

အရုဏ်တက်ပြီးကာစ မနက်၆နာရီခွဲပဲ ရှိနေသေးသည်။
ဘေကျင်းရုပ်ရှင်စတူဒီယိုရဲ့ အပေါက်မှာ အရန်လူများအဖြစ် သရုပ်ဆောင်ရရန် သရုပ်ဆောင် စစ်ဆေးခံမည့် လူများဖြင့် ပြည့်ကျပ်လျှက်ရှိနေသည်။

အားလုံးနီးပါးက ယောက်ျားလေးတွေ ဖြစ်ကြပြီး တစ်ယောက်မှ ထက်ထက်မြက်မြက်ပုံ မပေါက်ကြပေ။
အပြင်မှာစောင့်ရင်း တချို့လူတွေ စိတ်ပူစွာ သတင်းသွား သွားစုံစမ်းနေကြပြီး တချို့ကလည်း ငေးငိုင်နေကြကာ တချို့တွေက လူစုကာ အချိန်ကုန်စေရန်အတွက် ဖဲရိုက်နေကြ၏။

လူတစ်ယောက်ပဲ....

ဆံပင်ကိုနောက်လှန်ဖြီးထားကာ ယုန်မြီးလေးလို စည်းထားပြီး စားပွဲသေးသေးလေး တစ်လုံးတွင် တည်တည်ငြိမ်ငြိမ် ထိုင်နေခဲ့သည်။
ဒီလိုအေးစက်နေတဲ့ ဆောင်းရာသီကြီးမှာ ပန်းပွင့်ပုံတွေပါတဲ့ အဖြူရောင်ရှပ်အင်္ကျီ တစ်ထည်နဲ့ ဂျင်းဘောင်းဘီအပြဲကိုသာ ဝတ်ထားသည်။

သူ့ကိုကြည့်လိုက်တာနဲ့ ပစ်စလတ်ခတ် ဖြစ်သလိုနေတတ်သော ငယ်ရွယ်သည့် လူတစ်ယောက်ဆိုတာ ချက်ချင်းခံစားမိနိုင်သည်။
သို့သော် သူနဲ့လုံးဝဆန့်ကျင်ဘက်ဖြစ်သည့် အလုပ်ကိုလုပ်နေခဲ့သည်။
"ဗေဒင်"ဟောနေခဲ့ခြင်းပင်။

"ဆရာ..ဆရာ့ကို ကျွန်တော် တကယ်လေးစားတယ်ဗျာ... ရှေးနတ်ဘုရား တစ်ပါးလိုမျိုးကို အိမ်ထောင်ရေးကိုတိတိကျကျ ဟောနိုင်တယ်လို့ ကျွန်တော် ကြားခဲ့တယ်... ကျွန်တော် တကူးတက Tieling ရထားစီးလာပြီး ဆရာ့ကို လာရှာတာ... ဒီလောက်ငယ်မယ်လို့ ထင်မထားမိဘူး"

"လူတစ်ယောက်ရဲ့ အရည်အချင်းတွေကို အသက်အရွယ်နဲ့ တိုင်းတာလို့ မရဘူး..အသိပညာနဲ့ပဲတိုင်းတာရတယ်" Han Dong က အလွန်လေးနက်တဲ့ ပုံစံနှင့် ပြောလိုက်သည်။

"ဟုတ်တယ်..ဟုတ်တယ် ဆရာပြောတာ မှန်ပါတယ်... ကျွန်တော်က အဲဒီအကြောင်းတွေ သိပ်နားမလည်ဘူးဗျ.. ဒါနဲ့ ကျွန်တော် တကယ်ကို နားမလည်တာက ဗေဒင်ဟောဖို့ ဘာလို့ဒီလောက် ဆူညံတဲ့နေရာကို ရွေးရတာလဲ"

Han Dong က တိုးတိုးတိတ်တိတ် စကားသုံးလုံးပဲ ပြောလိုက်သည်။

"မရှိမဖြစ် မြေဓာတ်စွမ်းအား*"

Feng Mang (မြန်မာဘာသာပြန်)Where stories live. Discover now