အခန်း (၉) - ယောင်ပြီးလမ်းထလျှောက်ခြင်း

3.7K 427 30
                                    

Li Shang က အရမ်းကြောက်လန့်နေခဲ့ပြီး နောက်ဆုံးတော့ အိပ်ပျော် သွားခဲ့သည်။ အိပ်ပျော်သွားတာ ဘယ်လောက်
ကြာသွားပြီလဲတော့မသိ... စကားပြောသံတစ်ခုကြောင့် သူရုတ်တရက် နိုးလာခဲ့သည်။

"ညီလေးအသစ်တစ်ယောက် ရောက်နေတယ်... သူနဲ့ရင်းနှီးသွားအောင် မင်းတို့ကို မိတ်ဆက်ပေးမယ်"

သူယောင်နေတုန်းပဲလား...

Li Shang မျက်လုံးဖွင့်ကြည့်လိုက်တော့ Han Dong က အိပ်ယာထဲမှာ ရှိမနေပေ။ မော့ကြည့်လိုက်တော့ ပြတင်းပေါက် ဘေးမှာ ရပ်နေတာကို တွေ့လိုက်ရသည်။

သူဖုန်းပြောနေတာဖြစ်မယ်...

Li Shang က ဂရုမစိုက်ဘဲ တစ်ဖက်လှည့်ကာ ဆက်အိပ်နေလိုက်သည်။ သူ လက်ကို ရွှေ့လိုက်တဲ့အချိန်မှာ Han Dong ဖုန်းကို သွားထိလိုက်မိသည်။ Li Shang ခေါင်းပေါ် မိုးကြိုးပစ်ချခံလိုက်ရသလို ဖြစ်သွားခဲ့သည်။

ဒီငါးလွှာမှာ တစ်ယောက်ယောက်နဲ့ ဖုန်းပြောနေတာမဟုတ်ရင် ပြတင်းပေါက်မှာရပ်ပြီး သူက ဘယ်သူနဲ့စကားပြောနေတာလဲ...

Li Shang က ဘေကျင်းစတူဒီယို မှာတုန်းက စကားပြောဖူးတဲ့သူကို သတိရလိုက်သည်။ Han Dong က ၀ိညာဉ်တွေနဲ့ ဆက်သွယ်နိုင်တဲ့ အစွမ်းရှိတယ်လို့ သူကပြောလိုက်တယ်။ အဲဒီလိုဘုရားပေးတဲ့ အရည်အချင်း ဆိုတာတွေကို စဉ်းစားလိုက်မိတဲ့အချိန်မှာ ကလီစာတွေတောင် ဆွဲဆုပ်ခံလိုက်ရသလို ခံစားလိုက်ရသည်။
Li Shang က Han Dong ဘက်ကို နောက်တစ်ခေါက်ထပ်ကြည့်လိုက်တော့ မျက်ဖြူစိုက်မတတ် ဖြစ်သွားခဲ့ ရသည်။

Han Dong ရဲ့ရှေ့မှာ မာတောင့်တောင့် ခန္ဓာကိုယ်တွေနဲ့ မိန်းမငါးယောက် ပေါ်လာခဲ့သည်။ သူတို့အသားအရေက အမှောင်ထဲမှာ ထူးထူးခြားခြား ဖြူလျော်နေခဲ့သည်။

"လာ... အစ်ကိုလီ့ကို နှုတ်ဆက်လိုက်ကြဦး"
Han Dong က သူတို့ထဲက တစ်ယောက်ကို ပြောလိုက်သည်။ Li Shang က လိပ်ပြာလွင့်မတတ် ကြောက်သွားကာ အိပ်ယာပေါ်က လှိမ့်ချလိုက်ပြီး အပေါက်ဘက်ကို သိုင်းကွက်နင်းပြေးသွားတဲ့အခါ Han Dong က ရုတ်တရက် ခြေလှမ်းကျဲကြီးလှမ်းပြီး သူ့ကိုဖမ်းဆွဲလိုက်သည်။

Feng Mang (မြန်မာဘာသာပြန်)Where stories live. Discover now