ချစ်လှစွာသော အကိုတော်ဝူရီဖန်၏မွေးနေ့မင်္ဂလာ

4K 369 41
                                    

This part is only for WuYiFan's BD
Pls enjoy 😊
🌸🌸🌸 ပန်းပုံပြင် 🌸🌸
အေးစိမ့်သော ရေအလျဉ်စီးဆင်းနေသည့် စမ်းချောင်းငယ်သည် နေရောင်အောက်တွင် ပြဒါးရေတို့အသွင်ဆောင်ကာ တလက်လက်နှင့်။မြစ်နှင့်ဆက်နေသည့်စမ်းချောင်းဖြစ်တာကြောင့်အောက်ခြေရှိ သဲမှုန်နှင့်ကျောက်အခဲလေးတို့အားမြင်ရလောက်သည်အထိပင် ကြည်လင်လှသည်။

ဆောင်းဦးဝင်စဖြစ်၍ ရာသီဥတုသည် အအေးဓာတ်ညီညီ နှင့်မျှတနေသည်မို့ အကိုင်းအလက်စုံသော အပင်တိုင်းသည် စိမ်းလန်းနေလေ၏။ စမ်းချောင်းဘေးတွင် မျိုးချထားသည့် နှင်းပန်းခင်းမှ အပင်လတ်လေးများအား တချက်လှမ်းကြည့်ကာ

"ညီတော်ရော!အထိန်းတော်ကြီး...."

"မရောက်သေးပါဘူး!မင်းသားလေး..ဒီနေ့ထာအိုမင်းသားရဲ့ ဆွေမျိုးတချို့နန်းတော်ကို လာမှာကြောင့် အနည်းငယ်နောက်ကျမယ်ထင်ပါတယ်.."

အထိန်းတော်ကြီးစကားကြောင့်
လူပျိုဖော်ဝင်စအရွယ်မင်းသားငယ် မျက်နှာက ရှုံ့မဲ့သွားကာ

" ဟင်းးးးး ဒီလိုမှန်းသိရင် အဆောင်တော်အရင်ပြန်ပီး ရေချိုးသန့်စင်ပါတယ်.."

လက်တွင် ကပ်နေသော မြေမှုန်တို့အား စိတ်ပျက်လက်ပျက်နှင့်ခါရင်း စမ်းချောင်းဘေးတွင် ထိုင်ချလိုက်သည့် မင်းသားကြောင့် အနောက်တွင်တတန်းကြီးရပ်နေသော ခြွေရံများနှင့် အထိန်းတော်တေ ရှူပ်ယှက်ခတ်သွားလေသည်။

"မင်းသားလေး ရာဇအိနြေ္ဒထိန်းတော်မူပါဦး..အနေအထိုင်ဆင်ခြင်သင့်ပါတယ်.."

ခြေထောက်တချောင်းထောင်ကာ စမ်းချောင်းထဲမှ ရေတို့အား လက်တဖက်နှင့်တို့ထိနေသည့် မင်းသားငယ်မျက်နှာမှ ထင်ရှားသည့် မျက်ခုံးတန်းနှဖက်သည်သိသိသာသာပင် အလယ်တွင် စုသွားလေသည်။အမောပြေညီတော်ကိုမြင်ရမည်ထင်၍ တိုက်ခိုက်ရေးလေ့ကျင့်ကွင်းမှ တန်းလာသည်မို့ လူက ပင်ပန်းနေရသည့်ထဲတွင် ဒီသက်ကြားအိုတေက ဝင်ရှုပ်နေသေးပြန်သည်။
စိတ်ရှုပ်သည့်နောက်တွင် ဒေါသကကပ်ပါလာတော့ တို့ထိနေသည့် ရေတို့ကို ဗွမ်းခနဲမြည်အောင် လက်နှင့်ရိုက်ချလိုက်သည်။

ပန်းပုံပြင်​ [ TaoRis ]Where stories live. Discover now