မျှော်​လင့်​ခြင်း

4.3K 452 18
                                    

ချင်​နိုင်​ငံ၏​ညလွှာသည်
တိတ်​ဆိတ်​ကာ​အေးချမ်းလျက်​.

ပိန်းပိတ်​​သော​ကောင်းကင်​ယံသည်
အနက်​ရောင်​​ကတ္တီပါ​ကော်​​ဇောနှယ်​..

ဝိုးတဝါးမြင်​ရ​သော
ကြယ်​ပွင့်​တို့သည်​ကားစိန်​ပွင့်​တို့ကဲ့သို့
တလက်​လက်​အ​ရောင်​​တောက်​လျက်​..

ဝှေ့ခနဲတိုက်​လာ​သော
ညဉ့်​ဦးယံ​လေသည်​ ကြာကန်​ကို
ဖြတ်​တိုက်​လာသဖြင့်​လတ်​ဆတ်​​သော
ကြာပန်းနံ့သင်းသင်း​ရောယှက်​​လို့..

သို့​သော်​ ရူးမိုက်​လှသူ
ကျ​နောက​တော့ ကြာနံ့​ရော​သော
လေနု​အေးထက်
တစုံတဦး၏ကိုယ်​သင်းနံ့​ပြေ​ပြေ​ကိုသာနှစ်​သက်​သ​ဘောကျမိသည်​.

ပန်း​ပေါင်းစုံအဆီတို့နှင့်
စီရင်​​သောချိုး​တော်​​ရေကိုမနှစ်​သက်​သည့်​သူက
သဘာဝသစ်​ဥသစ်​ဖုတို့သာပါဝင်​​သော
ချိုး​တော်​​ရေကိုသာ ​ကျန်းမာ​ရေးအလို့ငှါ
အသုံး​တော်​ခံ​လေ၏.

ထို့​ကြောင့်​လဲ
နန်း​သွေးဧကန်​စင်​စစ်​ဖြစ်​​သည့်
မင်း​​လောင်းလျာဖြစ်​​သော်​လဲ
အ​မွှေးနံ့သာမနှစ်​သက်​သည့်​သူ့ကိုယ်​တွင်
တပါး​သောမင်းသားတို့လို..
မွှေးအီ​သောကိုယ်​သင်းနံ့ထက်
သဘာဝဆန်​​သော သင်းပျံ့သည့်​ကိုယ်​သင်းနံ့
တခုသာ စွဲထင်​​နေ​လေသည်​..

** ဟွမ်​ရှန်း လူတ​ယောက်​ကိုမြတ်​နိုးဖူးသလား?**

ကျ​နော​လေသာပြတင်းမှ​ကောင်းကင်​ယံကို
ငေး​မောရင်းအ​နောက်​တွင်ရပ်​​နေသည့်
ဟွမ်​ကုန်းကုန်းကိုအ​မေးပြု​တော့
ငြိမ်​သက်​သွားသည့်​ဟွမ်​ကုန်းကုန်းက
အတန်​ကြာမှ

** မင်းသား​လေးအရွယ်​ကဒီ​မေးခွန်းကို​မေးဖို့​စောလွန်း​နေပါတယ်​**

မယ်​မယ်​နှင့်​အမျိုး​တော်​စပ်​သည့်
ဟွမ်​ကုန်းကုန်းက
ကျ​နော့ကို​ငယ်​စဉ်​တည်းက
ထိန်းသိမ်းလာသည်​မို့ယခုချိန်​ထိ
သူ့မျက်​လုံးထဲတွင်
ကျ​နော့ကိုအရပ်​၃​ပေသာသာက​လေး​လေးဟု
မြင်​​နေ​သေးပုံ​ပေ.

ပန်းပုံပြင်​ [ TaoRis ]Where stories live. Discover now