ယုံကြည်ခြင်း

3.5K 392 62
                                    

ဖြည်းညင်းစွာ ပွင့်လာသည့်ကြီးမားသော
မုဒ်ဦးအောက်မှ ကြေးနီရောင်တံခါးမကြီးနောက်တွင် တစတစပေါ်ထွက်သော ရွှေရောင်ထိန်သောကျယ်ပြောလှပသည့်နန်းတော်ကြီး ..။ရှည်လျားသည့် ဝင်ပေါက်ကျောက်လမ်းကြီး၏အဆုံးတွင် ရွှေရောင်ထိန်သော ဝူဧကရာဇ် ၏ နတ်ဘုံကဲ့သို့သော အတုမဲ့နန်းဆောင်ကြီးရှိသည်။

များပြားလှသောရဲမက်အစောင့်များနှင့် အခန်းခန်းအဆောင်တိုင်းပြည့်နေသည့်တိုင် လစ်လပ်နေသည့် မြေနေရာတို့နှင့် နန်းတော်ပရဝုဏ်က ရှင်းလင်းနေလေသည်။
ရှန်း အံ့သြလွန်း၍ ပွင့်ဟနေမိသော နှုတ်ခမ်းလွှာတို့အား ပြန်ပိတ်ရန်ပင် မေ့လျော့နေမိသည်။မိမိကိုယ်တိုင် မင်းသားတပါးဖြစ်ပါသော်လဲ ဤမျှခမ်းနားသည့်နန်းတော်ကြီးအားတခါမျှပင်မမြင်ဖူးခဲ့ပါ။ တိုင်းပြည်သေးကာ တောင်ပေါ်ဒေသဖြစ်သည်ကြောင့် အချိန်ပြည့်အုပ်မှိုင်းနေသော မြူတို့နှင့် မိမိတို့နန်းတော်သည် သေးနုပ်နုပ်မှုန်မှိုင်းမှိုင်းသာရှိနေခဲ့သည်။

ထို့ကြောင့်လဲ ကြီးမားသည့်နေပြည်တော်၏ယခုနန်းတော်ကြီးအား စိတ်ကူးပင်မယဉ်ဖူးပါချေ။
ဒီလို နန်းတော်ကြီးမှာသာ နေရပါက ရှန်းတသက်လုံး ကိုယ့်ဒေသတောင်ပြန်ချင်တော့မည်မထင်ပါလေ

..
..
"ဟိတ် ဘယ်ပြေးမလဲ.. ဟဲဟဲ ..မိပီကွ"

အဖြူရောင်အမွှေးနုတို့နှင့်ယုန်လေးအား ရင်ဝယ်အမိအရဖမ်းလိုက်နိုင်သည့်အချိန်တွင် ရှန်းမျက်နှာပြင်တလုံးချွေးစက်တို့ပင်ပြည့်နေလေပီ။
မြက်ခင်းပေါ်အားရပါးရလှဲချလိုက်ပီး ပျော်ရွှင်စွာ အသံတိတ်ရီမောရင်း မျက်လုံးရဲရဲနှင့်ယုန်ဖြူလေးကို ပွေ့ဖက်ထားလိုက်သည်။ လူအများကြားတွင် စိတ်ရှုပ်တတ်သော ရှန်းအတွက် နန်းဥယာဉ်သည်သာ အချိန်ကုန်ဆုံးရာနေရာဖြစ်သည်။
မင်းမျိုးမင်းနွယ်တို့သာ ဝင်ရသည်ဖြစ်၍ တော်ရုံမည်သည့်အစေခံမျှရောက်မလာတတ်သလို ဤနိုင်ငံမှတော်ဝင်မိသားစုတို့သည်လည်း အပန်းဖြေရုံအချိန်တခါတလေပင် နန်းဥယာဉ်သို့မလာကြပါ။

ထို့ကြောင့် နန်းတော်စရောက်သည့် အချိန်မှစ၍ ရှန်း ၁ပတ်လုံးလုံး ဥယာဉ်တွင်းသာ တခုခုလုပ်နေလေ့ရှိသည်။မင်းကြီး၏ယောက်ဖလောင်းဖြစ်သည်မို့ တော်ရုံဘသူမှလဲ ရှန်းအား ဥယာဉ်ထဲတွင် မနေရန် လာမပြောရဲပေ။ဤသည်ကပဲ ရှန်းအတွက်အကောင်းဆုံးဖြစ်သည်။ အမတော် နန်းတော်ကို ရောက်မလာသေးသည့် အချိန်တလျှောက်လုံး ရှန်းက သူတို့အခြေအနေအား သေချာစောင့်ကြည့်ရမည့်တာဝန်ကရှိသေးသော်လဲ ယခုလောလောဆယ်တော့ ရှန်းအတွက် နန်းတော်ကြီးသည် အံ့သြစရာအတိပီးသည့် ကောင်းကင်ဘုံသာဖြစ်နေခဲ့သည်။

ပန်းပုံပြင်​ [ TaoRis ]Where stories live. Discover now