Ch.1: ပြန်လည်မွေးဖွားခြင်း

81.6K 2.7K 35
                                    

" International Star - Fennies Tang ဟာ အသက် ၃၇နှစ် အရွယ်မှာ နှလုံးရောဂါနှင့် သေဆုံးသွားခဲ့ပါတယ် ။ "

.....

.....

ငါက သေသွားခဲ့ပြီ မဟုတ်လား ? ဒါဆိုရင် အခု ဖြစ်နေတဲ့ အခြေအနေက ဘာလဲ ??? "

စူးရှတဲ့ ပိုးသတ်ဆေးရနံ့၊ မနှစ်မျို့စရာ ဖြူရော်ရော် နံရံ၊ ဘေးနားက အသက်ကယ်ပစ္စည်းတွေ ၊ နှာခေါင်းမှာ တပ်ထားရတဲ့ အသက်ရူပစ္စည်း....
ဆယ်စုနှစ်များစွာ မကျန်းမာခြင်းနဲ့ အမြဲတိုက်ပွဲဝင်နေရတဲ့ သူ့အတွက်တော့ ဘေးမှာရှိနေတဲ့ အရာတွေဟာ အစိမ်းသပ်သပ်တော့ မဟုတ်ခဲ့ဘူး ။

" ငါက သေသွားခဲ့ပြီမလား? အခု ဘာလို့ ဆေးရုံကုတင်ပေါ် ရောက်နေရတာလဲ?"

ဦးနှောက်တစ်ခုလုံးလည်း ရူတ်ထွေးနေပြီး ခေါင်းတွေ ထိုးကိုက်လာတယ်။ မျက်လုံးတွေကို ပိတ်ထားပြီး ငြိမ်ငြိမ်လေး နေလိုက်တော့မှ ဘေးနားမှာ ခပ်တိုးတိုး စကားပြောနေတဲ့ သူနာပြုဆရာမလေးတွေရဲ့ အသံကို ကြားရတော့တယ် ။

" သနားစရာလေးပါဟယ် ။ ဆေးရုံမှာ သူဒီလို ဖြစ်နေတာတောင် လာကြည့်သူက တစ်ယောက်တောင် မရှိရာဘူး ။ "

" သူက ဟိုအရင်တုန်းက နာမည်ကြီးခဲ့တဲ့ Idol အဖွဲ့သားဟောင်း မဟုတ်ဘူးလား? ပုံစံလေးက နာမည်အရမ်းကြီးလာတော့မလို့နဲ့ သူ့အဖွဲ့က တခြားသူတွေပဲ အောင်မြင်သွားတယ် ။ သူကျတော့ ဘာမှမဖြစ်လာပဲ နာမည်တောင်မြုတ်သွားတယ်နော် ။ "

ဆရာမလေးတွေရဲ့ စကားပြောသံဟာ သူ့နားကနေ တဖြည်းဖြည်း ဝေးဝေးသွားတယ် ။ ဘာတွေပြောသွားမှန်း လုံးဝ နားမလည်ဘူး ။ ပွဲဦးထွက် အနုပညာလူပ်ရှားမူ စလုပ်ကတည်းက ရုပ်ရှင်ဘဲ ဆက်တိုက် ရိုက်လာခဲ့တာပါ ။ ဘယ်အချိန်တုန်းက Idol အဖွဲ့သား ဖြစ်သွားရတာများလဲ?

ဝေခွဲမရတဲ့ စိတ်တွေ တိုးလာတာနဲ့အတူ ငိုက်မြည်းစိတ်တွေပါ တိုးလာပြီး သတိက ရတစ်ချက် မရတစ်ချက် ဖြစ်လာတယ်။ အခု အိပ်ပျော်နေတာလား နိုးနေတာလားတောင် မပြောပြနိုင်ဘူး ။

သေချာတာ တစ်ခုက ဆရာမလေးတွေဟာ သူ့အမည်ကို Tang Feng လို့ သုံးနူန်းနေကြတာပဲ ။ ဒါပေမယ့် သူဟာ သူတို့ပြောနေကြတဲ့ Tang Feng မှ မဟုတ်တော့တာ ။ Hollywood ကို စအခြေချတဲ့ အချိန်ကတည်းက သူ့နာမည်ကို ပြောင်းပစ်ခဲ့တာလေ ။

True Star (Myanmar Translation )Dove le storie prendono vita. Scoprilo ora