အပိုင်း(10)

Start from the beginning
                                    

ထိုနေ့က..ကျွန်တော့်တောင်းဆိုချက်အား...

"တော်တော့ လွမ်းမခ နောက်ဘယ်တော့မှ..သူ့
အကြောင်းလာမပြောနဲ့...သွားတော့သွား"

တစ်ခါမှပင် အသံမာမာနှင့်ပင်မပြောခဲ့ဘူးသော
ဖေဖေက အော်ဟစ်ကာမောင်းထုတ်နေခဲ့သည်..

ထိုအချိန်က...ကိုကို့ မျက်ဝန်းထဲတွင်...နာကျင်
ရိပ်များ...ဆန့်ကျင်ဘက်ဝမ်းသာရိပ်များ...ကျွန်
တော်ဘာသာမပြန်တက်သော...အရိပ်အယောင်
များစွာရောယှက်လို့နေခဲ့သည်....

အခုဆို ကိုကို အိမ်ကထွက်သွားတာ..တစ်လပင်
ရှိသွားခဲ့ပြီ..သတင်းအစအနဟူ၍..မြူ မှုန်လောက်
တောင်မရခဲ့...

ကိုကို...နေနိုင်လိုက်တာနော်လို့...ပြောရအောင်
လဲ...အနီးအနားမှာရှိခဲ့တုန်းကတောင်...ကျွန်တော့်
အနားကထွက်ခါသွားဖို့....ကိုကိုကြိုးစားနေခဲ့သည်
မဟုတ်လား....

ကျွန်တော်သိသလောက်..ကိုကို့ သူငယ်ချင်းတွေ
ကို...ကိုကို့ အကြောင်းမေးမြန်းခဲ့သော်လည်း....
တိကျသောအဖြေပြန်မရခဲ့...

ဖေဖေအားမေးမြန်းခဲ့လျှင်လည်း...အော်ထုတ်စ
မြဲပင်....

လွမ်း...လေသာဆောင်တွင်ထိုင်ရင်း...ကောင်း
ကင်ထက်ကလင်းလက်လက်ကြယ်များကို..
ရေတွက်လို့နေမိသည်....

လမင်းကြီးရေ....ကျွန်တော်လွမ်းနေတဲ့အကြောင်း
ကိုကို့ ကိုပြောပေးပါလား....ကြယ်လေးတွေရေ...
အမြန်ဆုံးပြန်လာခဲ့ဖို့...ကိုကို့ ကိုပြောပေးပါလား..

မဖြည့်စည်းနိုင်တဲ့....ဆန္ဒများအား..နှစ်သိမ့်ဆုတစ်
ခုအဖြစ်သာ....မျက်ရည်စက်များ....ကျဆင်းလို့လာ
ခဲ့သည်....

"သားလေး...လွမ်း...."

အခန်းတံခါးပိတ်သံနှင့်အတူ....မေပျို့၏အသံပေး
သံကြောင့်...မျက်ရည်များကိုအလျင်အမြန်ပင်သုတ်
လိုက်မိသည်....

"အင်းးးးးး လာလေ မေပျို..."

"သားလေး လွမ်း...ဘာလို့...အခန်းထဲမှာပဲ...အချိန်
ပြည့်နေနေတာလဲတဲ့..."

"ဖေဖေ မေးခိုင်းတာလား..."

မေပျိုကအတောက်ပဆုံးပြုံး၍..ခေါင်းအသာညိမ့်ပြ
လို့လာသည်...

အချစ်စစ်Where stories live. Discover now