အပိုင်း(၈)

2.8K 177 14
                                    


အချစ်စစ်.....
အပိုင်း၈......

ခပ်တိုးတိုးလှောင်ရယ်သံ...ကို့အတွက်သေချာလို့
နေခဲ့တာ
တိုးရှရှအပြစ်တင်သံ...ကို့အတွက်ရည်ရွယ်လို့နေခဲ့
တာပါလေ

မျဉ်းပြိုင်တစ်ခုထက်..ဖြတ်မျဉ်းတစ်ကြောင်းပိုလို့မဖြစ်
ချင်ခဲ့တာပါ ကိုကို
ထာဝရမနီးစပ်နိုင်ပေမဲ့..တစ်သက်တာမြင်နေခွင့်လေးတော့ရှိချင်တယ်
ဖြတ်မျဉ်းလေးလိုတစ်ကြိန်တစ်ခါတွေ့ဆုံပြီးမှထာဝရမဝေးချင်ဘူးလေ...

ေ၀၀ါးလို့နေတဲ့ မျက်ဝန်းတစ်စုံကို ဖွင့်လှစ်မိတော့ စူးရှရှတိုးဝင်လို့လာတဲ့အလင်းတန်းတစ်ခု
အိပ်မက..် အိပ်မက်တစ်ခုထက်မပိုခဲ့ဘူး.... သူချစ်ခဲ့တာ သူနဲ့ပျော်မြူးခဲ့တာတွေ.. အရာအားလုံးက..စိတ္တဇဆန်ဆန်ပျောက်ကွယ်လို့သွားပြီ ...

ခဏ..ဒီိအချိန်ခဏလေးကိုလဲကျွန်တော်တန်ဖိုးထားတယ် သူနဲ့ပက်သတ်သမျှ အသေးအဖွဲ့ လေးကအစ ကျွန်တော်တန်ဖိုးထားခဲ့ပေမယ့် သူကေ၇ာ.......

ကြယ်စင်လေးတွေ ထွန်းလင်းလို့ပေးနေတာ ဘယ်သူ့အတွက်များလဲ
အများအမြင်မှာ..... လမင်းကြီးကသိပ်ကိုအေးချမ်းလွန်းတယ် တကယ်တော့ အထီးကျန်အဆန်ဆုံးပြပုဒ်ဆိုတာ သူတို့မေ့လျော့ နေခဲ့လေတာ......

'လွမ်း.....'

ဖြူ ဖွေးဖွေးမျက်နှာကျပ်နဲ့အတူနားထဲတိုးဝင်လာ
သည့်အချိုသာဆုံးအသံလေး....

ကျွန်တော်ဟာတောင်းတသူထက်ပိုတဲ့တက်မက်သူ.

'လွမ်းသတိရပြီလား.....'

အပြုံးတစ်ပွင့်နဲ့မေးမြန်းလာတဲ့ ကိုကို့ စကားသံ
အဆုံး
သူခေါင်းညိမ့်ပြရင်အခြားတစ်ဖက်သို့မျက်နှာလွဲလိုက်သည်
နာကျင်ရသည်ထက်ပိုတယ် ကိုကို့ရဲ့အပြုံး ကိုကို့ရဲ့
အသံတို့က
ဖြစ်နိုင်ရင် ဖြစ်နိုင်ခဲ့ရင် ကျွန်တော်အရာအားလုံးကို
အရှုံးပေးလိုက်ချင်ပြီ...

"ဘာလို့လဲ လွမ်းခေါင်းမူးလို့လား ဘယ်နားနာနေလို့
လဲ....."

"ကျွန်တော် ဘာ.ဖြစ်.သွား.တာ.လဲ"

"ကျွန်တော်...."

ကျွန်တော့်ရဲ့အပြောကို တအံ့တသြပြန်လည်မေးမြန်း
လာသူ...
ကိုကိုကျွန်တော်လေ ကိုကို့မျက်လုံးထဲကလိုကလေး
ဆိုးလေးမဟုတ်ဘူး...
ကိုကို ထင်သလို မျက်ရည်လောက်ပဲကျတက်တဲ့ကောင်လေးတစ်ယောက်မဟုတ်ဘူးလေ...
အဲ့..အဲ့တာကြောင့်ကျွန်တော့်ကိုချစ်ပေးလို့မရဘူးလားလေ..
ဘာမှတော့သတ်ဆိုင်မှုမရှိပေမဲ့လို့ပေါ့....

အချစ်စစ်Where stories live. Discover now