အပိုင်း(10)

2.5K 147 19
                                    

အချစ်စစ်....
အပိုင်း၁၀.....

မချစ်မိဖို့ကြိုးစားတယ်
ပြတ်ပြတ်သားသားပါပဲ
နှလုံးသားက......
ရှေ့ဆက်တိုးဖို့၊ခြေလှမ်းစတင်တယ်။

မလွမ်းမိဖို့ကြိုးစားတယ်
သိပ်သိပ်သည်းသည်းပါပဲ
ဦးနှောက်က.......
သူ့ပုံရိပ်တွေကို၊အမိအရဖမ်းဆုတ်ထားတယ်။

အညိုရောင်တိမ်ဆိုင်တိမ်လိတ်တို့က..မပြတ်မ
သားမိုးသားများလို..ရွာမလိုဟန်ပြင်ပြီးမှ..ခပ်ဝေး
ဝေးထွက်ခွာသွားပြန်တယ်....

လွမ်းလိုက်တာ...ကိုကိုရယ်....

နီးရက်နဲ့ဝေးခဲ့တဲ့ကျွန်တော်တို့အခြေအနေမှာ...သူ
ကိုယ်နဲ့တစ်အိမ်ထဲမှာတည်ရှိနေတယ်ဆိုတဲ့အသိ
နဲ့နေနိုင်ခဲ့ပေမဲ့...အခုတော့..ကောင်းကင်ကြီးတစ်
ခုထဲရဲ့အောက်မှာ..တည်ရှိနေတဲ့အသိနဲ့သာ..ကျွန်
တော်ဖြေရမလားကိုကို....

ကျွန်တော်မရောက်ချင်ခဲ့သော...နေ့တစ်ခုသို့ရောက်
လာခဲ့ပြီ...

လွမ်းငယ်ရွယ်စဉ်အခါက...ကြားဖူးနေကြကိုကို့
အကြောင်းတွေထဲကတစ်ခုအပါအ၀င်ဖြစ်တဲ့...
ကိုကို ဟာမွေးစားသားဆိုတဲ့အဖြစ်မှန်ကို ကိုကို
မသိခဲ့ပေမဲ့ လွမ်းသိနေခဲ့သည်...

ဒါကြောင့်ပဲ ဖေဖေဟာ..ကိုကို မွေးစားမေမေ
(ဒေါ်ကြည်)
ဆုံးသွားပြီးကတဲက..ကိုကိုနဲ့ပို၍အနေစိမ်းသွား
ခဲ့ခြင်းဖြစ်သည်....

ဘာအကြောင်းတွေကြောင့်များ...ကိုကိုနဲ့ဖေဖေ..
ရန်ဖြစ်ခဲ့တာလဲ(AN/ရှေ့ပိုင်းတွင်ဖတ်ရှု့နိုင်သည်)....
ဘာအကြောင်းတွေဖြစ်နေပါစေ...ဖေဖေ့အနားမှာ
သာကပ်တွယ်နေမဲ့..ကိုကို့ လိုလူမျိုးက..ထွက်
ခွာသွားဖို့ဘာကြောင့်ရွေးချယ်ခဲ့တာလဲ...
ဖေဖေကရော...ဘာကြောင့် ကိုကို့ ကိုမွေးစားခဲ့
တာမှားခဲ့သည်ဟု...ဘာကြောင့်ဒေါသတစ်ကြီး
ပြောခဲ့တာလဲ....

ကျွန်တော်မသိခဲ့သည့်...အဖြစ်အပြတ်တွေနောက်
ကိုကို သည်ကျွန်တော့်အား...ထားရစ်ကာ ထွက်
သွားခဲ့လေသည်....

"ဖေဖေ တောင်းပန်ပါတယ်နော်...ကိုကို့ ကိုပြန်ခေါ်
ပေးပါ...ကိုကို မရှိရင်လွမ်းသေသွားလိမ့်မယ် ဖေဖေ"

အချစ်စစ်Место, где живут истории. Откройте их для себя