အပိုင်း(11)

2.5K 156 32
                                    

အချစ်စစ်....
အပိုင်း(၁၁).....

ဂျုန်းဂျုန်းဂျက်ဂျက်သွားလားနေတဲ့ရထား
လေးဟာသိပ်ကိုနှေးနေသလားပဲ....

ရထားပြတင်းမှဝင်ရောက်လို့လာတဲ့လေထု
အလွာဟာအေးစက်မနေပေမဲ့လို့..လုံလောက်
တဲ့နွေးထွေးမှုအားလဲပေးစွမ်းမနေပြန်....ခပ်
ပါးပါးဖြာကျလို့နေတဲ့နေခြည်နွေးနွေးဟာ..
အချို့သောသူများအတွက်သာယာသောမနက်
ခင်းတစ်ခုဖန်တီးပေးလေသည်....

မဆက်မပြတ်ငိုထားသောကြောင့်နာကျင်မို့
မောက်လို့နေသော...မျက်ဝန်းအိမ်သည်မြင်
နိုင်ရန်ပင်ခက်ခဲလှပေသည်...

ရထားလမ်းနဘေးမှကြီးမား၍စိမ်းစိုနေသော
ယူကလစ်ပင်ကြီးများဝန်းရံလျှက်...တစ်ခါတစ်
ရံတိုးမပေါက်နိုင်သစ်ပင်ကြီးများကြားမှခပ်
စိတ်စိတ်ဖြာကျလာသောနေရောင်ခြည်သည်
ပြတင်းပေါက်ထက်ခေါင်းမှီတင်ထားသော
သူ့မျက်နှာထက်မထိတထိလာရောက်ကွန့်မြူး
လေသည်....

ခရီးသွားတစ်ချို့က အဆက်မပျက်ငိုကြွေးလို့
နေသော ကျွန်တော့်အား အထူးအစမ်းသဖွယ်
မေးငေါ့လှောင်ရယ်နေကြသည်၊အချို့သောသူ
များကတော့ ထပ်တူဝမ်းနဲကြောင်းမျက်ဝန်းများ
မှတစ်ဆင့်ဖော်ပြနေကြသည်...

ကျွန်တော်လိုချင်တဲ့ ကိုကို ဆီကသတင်းအ
စအနက ဒီလိုမှမဟုတ်ခဲ့ပဲ...

ကိုကို ဘာကြောင့် ဒီလ်ုအခြေအနေမျိုးအား
မည်သူကိုမှမထောက် လုပ်ရက်ခဲ့ရသလဲ...

မေးခွန်းပေါင်းများစွာနဲ့မျက်ရည်စက်များကြား
မလှုပ်မယှက်ကျွန်တော်ထိုင်နေမိခဲ့သည်...

ကိုကို ဟာကျွန်တော်အတွက်ပဲဖြစ်ရမယ်လို့လဲ...
ကျွန်တော်ဘယ်သောအခါကမှအတ္တမကြီးမိခဲ့ဘူး
ဘူးလေ ကိုကို....

ကျွန်တော့်ကိုမုန်းလားကိုကို...
ရယ်လို့မေးမိခဲ့ရင်...
လွမ်းကို ကိုကိုမမုန်းဘူးရယ်လို့မစိုင်းမတွ
ကိုကို ဖြေကောင်းဖြေနိုင်လိမ့်မယ်

ကျွန်တော့်ကိုချစ်လား ကိုကို...
ဒီအမေးရဲ့နောက်ကွယ်မှာတော့ ကျွန်တော်မ
လိုချင်ခဲ့သော အဖြေတစ်ခုရှိကောင်းရှိနေလိမ့်
မည်...

အချစ်စစ်Where stories live. Discover now