အပိုင်း(9)

3.1K 223 26
                                    

အချစ်စစ်...
အပိုင်း၉.....

"ယောက်ျားတစ်ယောက်ကိုအခြားယောက်ျားတစ်
ယောက်နဲ့မိန်းကလေးတန်မဲ့ပြိုင်လုရမှာသိပ်တော့
မကောင်းဘူးထင်တယ်နော် လွမ်း"

ဖိကိုက်လို့ထားမိတဲ့ နှုတ်ခမ်းတစ်စုံကို အပြစ်ဖို့ရင်း
ထပ်မံဖိချေမိပြန်သည်...ကျမလာစေရန်ထိန်းထား
ခဲ့ပေမဲ့လို့ ကျန်လက်စသိက္ခာတရားပါမချန် ခ၀ါချ
ဟန်ပြင်ထားသော မျက်ရည်စက်တို့က ပါးပြင်ထက်
ခပ်သွက်သွက်နှင်လေသည်....

ကိုကိုရေ ...စိတ်ပင်ပန်းနေပြီလား...ကိုကို့ ချစ်သူ
ကတောင်လာတားဆီးရတဲ့အထိ ကျွန်တော်အဲ့
လောက်တောင်ဆိုးသွားခဲ့တာလား....

"ယောက်ျားနှစ်ယောက်ပေါင်းဖက်ဖို့ဒီနိုင်ငံက လက်ခံ မယ်လို့ မရိပ် မထင်ဘူးလွမ်း"

ဟင့်အင်း..သူကျွန်တော့်ကိုဆူနေတာလဲမဟုတ်သလို ရန်တွေ့နေတာလဲမဟုတ်ခဲ့ဘူး....

"မရိပ်သူ့ကိုချစ်တယ်...သူလဲပဲ"

"တော် တော်ပါတော့မရိပ်ရယ်"

ဒါပေမဲ့ ကျွန်တော်နာကျင်နေရတယ်..သူလိုချင်တဲ့
စကားလုံးတွေဆီသူဆွဲခေါ်နိုင်စွမ်းရှိတယ်....

"ကိုယ်ချစ်တဲ့သူကိုစိတ်ဆင်းရဲ မှာချစ်မိသူတိုင်းမလို
ချင်ကြတဲ့အရာပါ လွမ်းလေးတယ်"

ချိုသာလွန်းတယ်ထင်ရတဲ့ဒီစကားတွေက တစ်ကယ်တော့ ကျွန်တော့်အတွက်အဆိပ်
တစ်ခွက်ထပ်မပိုခဲ့ဘူး.....

"နေမကောင်းသေးဘူးဆိုတော့ လှဲနေလိုက်တော့
နော် လွမ်းလေး မရိပ်ပြန်တော့မယ် သူ့ကိုမစောင့်
တော့ဘူး..."

"ရိပ်....."

ကိုကို့ အသံက အခန်းဝကတစ်အံ့တသြထွက်လာ
သည်...hukhuk အံ့သြသွားတာလားကိုကို ဒါက
ရောဇာတ်တိုက်တဲ့အတိုင်းပဲလား....

"အော် ကိုရယ် ဘာတွေဒီလောက်အံ့သြနေတာလဲ
သူပဲလွမ်းလေးနေမကောင်းတဲ့အကြောင်းတွေပြော
ပြောပြနေတော့ ဒီကလာတွေ့တာပေါ့လို့ လွမ်းရေ
မင်းတော့သိပ်ကံကောင်းတယ်သိလား ကိုကလေသူ့ညီလေးကိုသိပ်ချစ်တာ..."

ညီ...သူမသတိပေးသွားတဲ့စကားလုံးတစ်ခုကို
ကျွန်တော်နာကျင်စွာဟားတိုက်ရယ်လိုက်ချင်ပေ
မဲ့ လက်တွေ့မှာတော့ အဖြူ ရောင်ဂွမ်းစောင်လေးကို
ခပ်တင်းသာဆုပ်မြဲဆုပ်ထားလိုက်သည်....

အချစ်စစ်Where stories live. Discover now