💉 | Hangover Remedies

1.9K 278 25
                                    


💉 HANGOVER REMEDIES 💉

"Chan~"

"အင်း"

"Baekhyun... စောင်လာမလုနဲ့ကွာ"

"ဟာ... မလုပါဘူး..."

ဘယ်အချိန် အောက်ရောက်သွားမှန်း မသိသော Baekhyun က ကြမ်းပေါ်က လူးလှိမ့်ထကာ ကုတင်ပေါ် တက်လာသည်။

"Chanyeol... ခေါင်းကိုက်တယ်"

Chanyeol မျက်လုံးမဖွင့်ဘဲ ရှုံ့မဲ့ပြလိုက်သည်။

"မင်း မနေ့က တစ်ခွက်ပဲသောက်တာ... ဘယ်လိုလုပ် ခေါင်းကိုက်တာတုန်း"

"ဟာ... မသိဘူးကွာ။ တစ်ခုခုလုပ်ပေး။ မလုပ်ပေးရင် ကိုက်မှာ"

လက်ဖျံကို ဆွဲရင်း ခြိမ်းခြောက်သည့် Baekhyun ကြောင့် Chanyeol ငေါက်ခနဲ ထထိုင်မိလျက်သား။ Baekhyun သွားဖြင့်ကိုက်လျှင် ဘယ်လောက်နာလဲ သူအသိဆုံးမလား။

"တစ်ခွက်လောက် ထပ်သောက်လိုက်ရင် ခေါင်းကိုက်ပြေသွားလိမ့်မယ်။ ထပ်သောက်မလား"

Baekhyun က နောက်နေတာလားဆိုသည့် မျက်နှာထားဖြင့် သူ့ကို ကြည့်လေသည်။

"ကော်ဖီဖျော်ပေး။ သံပုရာသီးနဲ့။ မဟုတ်ရင် ကိုက်မှာ"

"အေးကွာ အေးကွ!"

💉 HANGOVER REMEDIES 💉

"Chanyeol... ခေါင်းကိုက်နေတုန်းပဲ"

ခေါင်းကိုက်ပျောက်ဆေးဖြင့် တွဲသောက်ခိုင်းထားသော ကော်ဖီပင် မကုန်သေး၊ ငိုမဲ့မဲ့ ပြောလာသည့် Baekhyun ကြောင့် Chanyeol ခေါင်းကုတ်မိလျက်သား။

"ကဲ... အဲ့ဒါ ဘယ်လိုလုပ်ရမလဲ ပြော"

"ရေခဲမုန့်ဝယ်ကျွေး"

"အမ်?"

💉 HANGOVER REMEDIES 💉

"အခုရော ဘယ်လိုနေလဲ"

ရေခဲမုန့်ဘူးကို မောင်ပိုင်စီးကာ အားပါးတရ စားနေသည့် Baekhyun က ခေါင်းညိတ်ပြသည်။

"တော်တော်သက်သာသွားပြီ"

"ဪ... အေး အေး..."

Chanyeol ဆိုဖာပေါ်လှဲချလိုက်သည်။ သူကတော့ အရက်ကြောင့်မဟုတ်ဘဲ ခေါင်းကိုက်ချင်လာပြီ ဖြစ်သည်။

"အား!"

"ဘာဖြစ်တာတုန်း"

Chanyeol ထထိုင်လိုက်တော့ Baekhyun က ရေခဲမုန့်ဘူးကို တစ်ဖက်ကိုင်၊ ခေါင်းကို တစ်ဖက်ကိုင်ရင်း မျက်နှာရှုံ့မဲ့နေသည်။

Ephemeral || ChanBaek Drabbles Where stories live. Discover now