ဆေးရောင်စုံတို့ဖြင့် ပန်းသွေးကြွသော ထိုမိန်းကလေး၏ မျက်နှာဟာ ရဲရင့်ကာ ပြတ်သားသော အရိပ်အယောင်တို့ဖြင့် ပြည့်နှက်သည်။
သူမ၏ စကားပြောဟန်မှာ မာန်မာနနှင့် ယုံကြည်မှုတို့ကို အတိုင်းသား မြင်တွေ့နိုင်သည်။
သူမ၏ နေထိုင်ပြုမူပုံမှာ ရဲရင့်တက်ကြွမှု၊ ဖျတ်လတ်မှုတို့ဟာ အထင်အရှား...။

ဖြူ လွဖျော့တော့သော ကျွန်တော့်ပုံရိပ်ဟာ အားနည်းခြင်း၏ သရုပ်ပြ။
ကျွန်တော့်စကားဆိုဟန်မှာ သတ္တိနည်းမှုနှင့် မပြတ်သားမှုတို့က သိသိသာသာ...။

Chan ဟာ သူမလို ပုံစံမျိုးကိုပဲ သဘောကျသည်မှာ ဖြစ်သင့်သည်မဟုတ်လား။
သတ္တိကြောင်ကြောင် ဖြူ ဖျော့ဖျော့ ကောင်လေးတစ်ယောက်ကို သူ ဘယ်လိုသဘောတွေ့ပါ့မလဲလေ...။

"မင်းက အတွေးသိပ်များလွန်းတာပဲ.."

သူ့မျက်နှာထက်က အလိုမကျမှုတို့ကို မြင်တွေ့ရသောအခါ အလိုလို မျက်လွှာချထားမိလေသည်။
သူက ဟက်ခနဲ တစ်ချက် ရယ်၏။

သူ့လက်မောင်းရင်းနှင့် ပုခုံးဆက်ရာ တစ်နေရာသို့ ကျွန်တော် ကြည့်မိသောအခါ၌ မျက်လုံးမှေးမှေးတို့က ထိတ်လန့်စိုးရိမ်မှုကြောင့် ပြူးကျယ်လို့လာသည်။

"Chan~ လက်မောင်းရင်းက..."

အင်္ကျီက သွေးကွက်ကို မြင်သောအခါ ဘာလို့များ စောစောက မတွေ့မိတာပါလိမ့်ဟု ကိုယ့်ကိုကိုယ် အပြစ်တင်မိ၏။

"အင်း... ကိုယ့်ကို ကူညီပေးရလိမ့်မယ် honey"

ပြောရင်းနှင့်ပင် သူက အင်္ကျီကြယ်သီးတို့ကို ဆွဲဖြုတ်နေသည်။
အင်္ကျီဖြင့် ဖုံးကွယ်ထားရာက ဖယ်ရှားလိုက်သောအခါတွင် သူ့လက်မောင်းရင်း၌ သေနတ်ဒဏ်ရာတစ်ခုကို မြင်ရတော့၏။

"အ.. အရမ်းနာနေလားဟင်~"

သူ့မျက်နှာထက်၌ နာကျင်ဟန် တစိုးတစိမျှ မရှိ။
ဒီလိုဒဏ်ရာလောက်ဟာ သူ့အတွက် မှုလောက်စရာ မရှိဟု ထင်သည်။
သို့သော်လည်း ကျွန်တော့်စိုးရိမ်ပူပန်မှုနှုန်းက မြင့်ပြီးရင်း မြင့်တက်လာ၏။

သူသည် ထိုင်နေရာက ထသွားပြီး စားပွဲပေါ် တင်ထားသည့် ဗန်းတစ်ခုကို သွားယူလေသည်။
ဗန်းထဲ၌ ဆေးကိရိယာအပြည့်အစုံ..။

♕JOKER & HARLEY{Season-I}♕ Where stories live. Discover now