အပိုင်း ၉

3.8K 314 7
                                    

တံခါးတစ်ချပ်ကို ဟိုဘက်ဒီဘက် နှစ်ယောက် မှီထားပြီး ပုံစံအမျိုးမျိုးနဲ့ထိုင်နေသည်။

Chanyeol ကတော့ ဟိုဘက်ခြမ်းမှာ Baekhyun ရှိတယ်ဆိုတာ သိတယ်လေ။ ဒူးတစ်ဖက်ကိုကွေးပြီး ညာလက်ကို ဒူးပေါ်မှာတင်ထားပြီး ဘယ်ခြေထောက်ကို ဆန့်၍ တံခါးကိုအမှီပြုပြီး ထိုင်နေသည်။

" baek..... ကိုယ်တောင်းပန်ပါတယ်...."

Baekhyun ကတော့ အထဲမှာ အရုပ်ကြိုးပြတ်သွားသကဲ့သို့ ငိုလဲမငို ရယ်လဲမရယ် မျက်တောင်လဲမခပ် ထိုင်နေခဲ့သည်။

" ကိုယ့် အမေ လုပ်ခဲ့တာတွေ ကိုယ်တစ်ခုမှ မသိခဲ့ဘူး..... မင်းကို ထွက်သွားခိုင်းတဲ့ကိစ္စမှာရော... ကိုယ် လုံးဝမသိခဲ့ဘူး.... ကိုယ့်ကို အရူးလုပ်သွားတယ်ပဲထင်နေခဲ့မိတယ်.... ကိုယ်....."

" အဲ့ဒါ တစ်ကယ် မချစ်ခဲ့လို့ပေါ့ yeol....."

နောက်ဆုံး သူ့အသံကြားပြီလေ။ သို့ပေမယ့် အသံတွေက အရင်လို မဟုတ်တော့ဘူး။ အသံတွေအက်နေတယ်။ နာကျည်းချက်တွေ ကြားနေရတယ် အဲ့အသံကနေ။

" baek... အဲ့လို မဟုတ်ဘူး.... ကိုယ့်ဘဝမှာ မင်းတစ်ယောက်ကိုပဲ ချစ်ခဲ့တာ ... ကိုယ့်ကို ထားသွားတယ်လို့ထင်ပြီး နောက်ပိုင်းလဲ မင်းကိုပဲ လိုက်ရှာနေခဲ့တာ.... Jeju မှာ မင်းကိုရုတ်တရက်တွေ့ပြီး အဲ့နောက် ကိုယ်ဒီကို အလုပ်ကို အကြောင်းပြပြီး ခဏခဏလာပြီး မင်းကိုရှာနေခဲ့တာ...."

" ........ "

" ဘာလို့ ကိုယ့်ကို မဆက်သွယ်ခဲ့တာလဲ?? Channie လေးမွေးတုန်းက.... မင်း ပြန်ဆက်သွယ်လို့ရအောင်ဆိုပြီး ကိုယ့်ဖုန်းနံပါတ် မပြောင်းခဲ့ဘူး... ခုထိ ဒီနံပါတ်ပဲ.... ဘာလို့ ကိုယ့်ကို မပြောတာလဲ baek?? ကိုယ့်ကို အဲ့လောက် မုန်းသွားပြီလား??"

"......... "

" တစ်ခုခု ပြန်ဖြေပါဦး baek.... ကိုယ့်ကို မချစ်တော့ဘူးလား??"

" အင်း...."

ရင်အုံကိုလက်နဲ့ဖိထားပြီးမှ ပြောလိုက်သည်။ ဘယ်လိုလုပ်မုန်းရက်မှာလဲ။ မုန်းချင်ပေမယ့် မုန်းလို့မရပဲ ချစ်နေတုန်းမို့လို့ နာကျင်နေတာပေါ့။

သွားပါတော့ yeol ရယ်.... yeol ကိုမြင်နေရင် Channie လေးကို သတိရမိလို့ပါ... baek အရမ်း ပင်ပန်းနေပြီ... ဒီထက် မခံစားနိုင်တော့ဘူးထင်တယ်... yeol ကို မချစ်တော့လို့ မဟုတ်ဘူး... yeol အမေကို baek ကြောက်တယ်... မပက်သတ်ချင်တော့ဘူး yeol...

A boy who returned Where stories live. Discover now