(6) To protect you (Edited)

7.4K 745 69
                                    


(6) To protect you

(Zawgyi)

"သူတို့မှာ သေနတ်နဲ့လေ ... သေနတ်ဆိုတာ ထိရင်သေတတ်တယ်ဗျ "

"ထိရင် သေတတ်တာတော့ ငါလည်းသိတာပေါ့ ...ဒီတိုင်းပြေးနေရင်လည်း ဘယ်တော့ထိမယ်မှန်းမသိ ထိမှာပဲ"

ထိုသို့ Kimmy နဲ့ Yukio ရှုပ်နေတဲ့ကြားက ဗြောင်းဆန်အောင် အငြင်းအခုန်လုပ်နေစဉ် အနောက်က ခြေသံကြားလိုက်ရသည်။

"ငြိမ်ငြိမ်လေးနေမယ်... မလှုပ်နဲ့"

"ဟမ် ... ငါ့ကို အမိန့်လာပေးနေတာလား"

မလှုပ်နဲ့လို့ အမိန့်ပေးသော သေနတ်သမားက ဘာမှမလုပ်ရသေးခင်မှာပဲ Yukio က ထိသူရဲ့သေနတ်ကိုင်ထားသော လက်ကိုဖမ်းဆုပ်ပြီးသား ဖြစ်သွားသည်။

တစ်ဆက်တည်း လက်ကိုလိမ်ချိုးလိုက်ပြီး ဆက်တိုက်ဆိုသလို ကိုင်ပေါက်ပေးလိုက်သည်။

Kimmy ပါးစပ်အဟောင်းသားနဲ့ ကြည့်နေမိသည်။ နောက်ထပ် ကျန်သော သေနတ်သမားများလည်း နီးလာသောအခါ Yukio က ခုနကလူ လွတ်ကျသွားသော သေနတ်ကိုကောက်ယူကာ Kimm ရဲ့ လက်ကိုဆွဲပြီး လွတ်လောက်မည်လို့ ထင်ရသောဘက်ကို ပြေးသွားသည်။

"Senpai !!! နောက်မှာပါလာပြီ !!!"

Kimmy အသံမဆုံးခင်မှာပဲ အနောက်ကပစ်လိုက်သော ကျည်ဆံတစ်ချက်က Yukioရဲ့ ခြေထောက်ကို ရှပ်ထိသွားသည်။

မြေနိမ့်ပိုင်းကို ဆင်းသွားသည့်နေရာလည်း ဖြစ်နေတော့ ဟန်ချက်ပျက်ပြီး အောက်ဘက်သို့လိမ့်ကျသွားသည်။

ကံကောင်းလို့ မြက်ထူထူတွေကြား ကျသွားသော်လည်း ကံဆိုးချင်တော့ မြက်ဖုတ်ကြားက ကျောက်တုံးနဲ့ နောက်စေ့နဲ့ကလည်း ထပ်ပြီးဆောင့်မိသေးသည်။ ဘုမသိဘမသိ နှစ်ခါနာသွားတော့ Yukio နာရမယ့်အစား ဒေါသကတလိပ်လိပ်ထွက်လာသည်။

"အ ! တောက် !! ချီးပဲ"

"Senpai ! ဘာဖြစ်သွားသေးလဲ"

နောက်က အသည်းအသန်လိုက်လာသော Kimmy က စိုးရိမ်တကြီးမေးလိုက်သည်။

"ရတယ် ... နည်းနည်းပဲ ရှပ်ထိတာ"

ပြုတ်ကျတာပဲ ကံကောင်းတယ်လို့ ဆိုရမလိုလို ... အနောက်ကအုပ်စုနဲ့ နည်းနည်းပိုပြီး အလှမ်းကွာသွားသည်။

He is a fucking mafia's little brotherWhere stories live. Discover now