အပိုင်း-၁၂

3.2K 213 0
                                    

ရှိန်းကာရန် နှိုင်းကိုမတွေ့ရသည်မှာ(၁)လခန့်ပင် ရှိပြီ။ အိမ်ကို သွားတော့လည်း ခရီးထွက်သွားတယ်ဟူသော စကားသာ ကြားရသည်။ စိတ်ညစ်ညစ်နဲ့ ခြံထဲက ဒန်းလေးပေါ်တွင် ထိုင်နေဖြစ်သည်။ ရုတ်တရက် သူနှိုင်းကို
ဒုတိယအကြိမ် တွေ့ခဲ့သောည လေးကို သတိရလာပြန်သည်။ မော့ကြည့်လိုက်သော ခဏတာ ပိုင်ရှင်
မဲ့နေသော အခန်းလေး၏ ပြတင်းပေါက်လေးက ပိတ်လျက်သား။ မျက်ရည်တို့က အတိုင်းအဆမရှိ ကျလာပြန်သည်။

"အာားးဟားးး ငါကြာရင် ရူးသွားလိမ့်မယ်ကွာ  နှိုင်းရယ် ဘယ်တွေများရောက်နေလဲ"

တယောက်တည်းတီးတိုးရေရွက်နေတုန်း သူ့ပခုံးပေါ်သို့
လက်တစုံ တင်လာ၍ လှည့်ကြည့်လိုက်တော့

"ကိုကို"

ရှိန်းသီဟက ထူးဆန်းသလို သူ့မျက်နှာကို ကြည့်နေရင်း

"ညီညီ မင်းငိုနေတာလား"

ရှိန်းသီဟ အမေးကိုမဖြေဘဲ အဝေးသို့ ဆွေးဆွေးမြေ့မြေ့
လှမ်းမျှော်ကြည့်ရင်း

"ကိုကို !ဘာမှမတော်တဲ့ သူစိမ်းလူတစ်ယောက်နဲ့ ပတ်သက်ပြီး ရင်ထဲမှာ နာနာကျင်ကျင်နဲ့ ခံစားရတယ်ပြီးတော့ အဲ့ဒီလူအတွက်နဲ့
မျက်ရည်ကျတယ်ဆိုရင် သူ့ကိုချစ်မိနေတာလား"

သူ့အမေးကို ကိုကိုက ပြုံးလိုက်ရင်း

"ဒါပေါ့ ညီညီရ လူတစ်ယောက်ကို တကယ်ချစ်မိသွားရင်
အဲ့ဒီလူကို ကိုယ့်အသက်ထက် ပိုပြီးတောင် တန်ဖိုးထားတတ်ကြတယ် ပြီးတော့ အဲ့ဒီလူအတွက်ဆိုရင်
သူ့ရှေ့ကနေ မားမားမတ်မတ် ကာကွယ်ပေးချင်ကြတယ်လေ
သူနဲ့ပတ်သက်ပြီး နာကျင်ရတဲ့ အခါဆိုရင်လည်း နှလုံးသားကွဲကြေ မတတ် ခံစား ရတာ"

"ဒါဆိုရင် ကျွန်တော်သူ့ကို စွဲစွဲလန်းလန်း ချစ်မိသွားပြီ ထင်တယ် "

"ဘယ်သူလဲ "

"ဒီလိုပါကိုကို"

ရှိန်းကာရန်ဖြစ်ကြောင်းကုန်စင် ပြောပြလိုက်တယ် ။ အဆုံးမှာ

"ကိုကို ကျွန်တော့်ကို အံ့သြသွားတယ်မလား ကိုကို ကျွန်တော့်ကို ပြောချင်သလို ပြောနိုင်တယ် ဒါပေမယ့် ကျွန်တော် တကယ်ပဲ နှိုင်းကိုချစ်တာပါ ကစားလိုစိတ်မရှိပါဘူး"

နှလုံးသားနှင့်​ရင်း၍​Tempat cerita menjadi hidup. Temukan sekarang