အပိုင်း-၇

3.7K 245 1
                                    

အချိန်ယန္တရားကြီးသည် တရွှေ့ရွှေ့လှည့်ပတ်ရင်းသူ၏တာဝန်ကိုထမ်းဆောင်နေလေသည်။ အရာရာသည်ကားပြောင်းလဲခဲ့ပြီ။Susan လည်းဆေးရုံမှဆင်းလာခဲ့သည်။ဆေးရုံတွင် နေခဲ့ရစဉ်အတွင်း
တိမ်ယံနှင့်အတော်လည်းရင်းနှီးခဲ့သည်။ထို့အတူရှိန်းကာရန်နှင့် နှိုင်းသွေးသစ်တို့လည်းမိတ်ဆွေဘ၀ရောက်ခဲ့ပြီ။ ညှို့ငင်အားကောင်းသော မျက်လုံးတို့ကိုပိုင်ဆိုင်ထားသည့်ရှိန်းကာရန်၏ အကြည့်စူးစူးတို့အပေါ် နှိုင်းသွေးသစ်တစ်ယောက်  စိတ်လှုပ်ရှားမိသော်လည်း  မသိချင်ယောင်ဆောင်ခဲ့သည်။ ရှိန်းကာရန်သည် သာမန်သာ မောက်မာသည်ဟုထင်ရသော်လည်း အမှန်တကယ် ပေါင်းကြည့်သောအခါမှ အတော်ခင်စရာကောင်းသည်ကို နှိုင်းဝန်ခံမိသည်။သို့သော် နှိုင်းမကြိုက်သည့်အချက်မှာ ရှိန်းကာရန်တယောက် ကောင်မလေးတွေကို တနေ့တာက်နှုန်းတွဲနေခြင်းပင်။ ဘာကြောင့်မှန်းပင်မသိ ရှိန်းကာရန်ကောင်မလေးတွေနဲ့ စကားရပ်ပြောတာ
မြင်လျှင်တောင် မကြိုက်ချင်။ယုတ်စွအဆုံး Susan နဲ့စကားပြောတာကိုပင် မကြိုက်ပေ။

"တစ်ခါတစ်ရံမှာ အချစ်ဆိုတာ မနာလိုမှုတွေရဲ့ နောက်မှာများ ပေါက်ဖွားလာလေသလား ရှိန်းးး♥"

စာလေးရဲ့အဆုံးမှာ heart လေးဖြင့် အဆုံးသတ်လိုက်ရင်း
ရေးနေကျ ဒိုင်ယာရီစာအုပ်လေးကိုပိတ်လိုက်သည်။ ဒိုင်ယာရီစာအုပ်လေးကို ကိုင်ရင်း နှိုင်းသွေးသစ် နှစ်နှစ်ခြိုက် ခြိုက် ပြုံးမိသည်။ သူ့ရဲ့တခုတည်းသော ထူးခြားတဲ့အကျင့်
က ခံစားချက်တွေကို ဒိုင်ယာရီဖြင့်  မှတ်တမ်းတင်ထားခြင်းပင်။ဒါကိုသိတာ Susan တစ်ယောက်သာသိသည်။ ဒိုင်ယာရီလေးကို ခေါင်းအုံးအောက် ထားလိုက်ရင်း နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်အောင် အိပ်လိုက်ပါသည်။

   နံနက်ခင်း နာရီနှိုးစက်သံကြားသည်နှင့် နှိုင်းအိပ်ယာမှထလိုက်သည်။ မျက်နှာသစ်ပြီးသည်နှင့် morning exercise လုပ်ရန် အားကစားဝတ်စုံကို
လဲနေတုန်း
"ကလောင်"
ရုတ်တရက်ဝင်လာသောmessageသံ ကြောင့် ph ကိုယူကာ ဖွင့်ကြည့်လိုက်တော့ သူ့နှုတ်ခမ်းတို့အလိုလိုပင် ပြုံးသွားရသည်။

"morning "
Message လေးကရိုးရိုး နံနက်ခင်းနှုတ်ဆက်စာ
တစ်ခုတင်ပါ။သို့သော် ထိုmessage သည် ရှိန်းကာရန်ဆီမှ။ နှိုင်းသွေးသစ်ရင်ထဲ အမည်မသိလှိုင်းတခု ဖြတ်ပြေးသွားရသည်။ ph လေးကိုပြန်ချထားလိုက်ရင်း အပြေးလေ့ကျင့်ရန်ထွက်လာခဲ့ပါသည်။
  ရှိန်းကာရန်တစ်ယောက်  အိပ်ယာထဲတွင် အငြိမ်မနေ။ လူးလိမ့်ရင်း ဖုန်းကိုကြည့်လိုက် ပြန်ချထားလိုက်နှင့် ဗျာများနေသည်။ ၁၅မိနစ်လောက်နေတော့ တစ်ခုခုကိုတွေးမိသွားဟန်ဖြင့် အိပ်ယာပေါ်မှ အလောတကြီးဆင်းပြေးလေတော့သည်။

နှလုံးသားနှင့်​ရင်း၍​Onde histórias criam vida. Descubra agora