အပိုင်း-၂

6.2K 317 4
                                    

နှိုင်း​သွေးသစ်​တစ်​​ယောက်​ ကန်​တင်းတွင်​ ​အေး​အေး​ဆေး​ဆေး ထိုင်​ကာ စာ​လေ့လာ​နေတုန်း
"ဒုန်းးးးးးးးး"
ကျယ်​​လောင်​လှ​သော အသံ​ကြောင့်​ စာထဲတွင်​​မျော​နေ​သော နှိုင်းတစ်​​ယောက်​တုန်​ပင်​သွား၏။မော့ကြည့်​လိုက်​​တော့ သူ၏​၂​ယောက်​မရှိ​သော သူငယ်​ချင်းSusan။
"ဟင်​....စပ်​စလူးဓာတ်​ဘူးပလပ်​ပြုတ်​မ လန့်​လိုက်​တာဟာ
နင်​ငါ့ဆီလာရင်​ ​အေး​အေး​ဆေး​ဆေးလာလို့မရဘူးလား
ဟမ်​!!!!!!!!!!!!!"
နှိုင်းမှာkorea majorကဖြစ်​​သော်​လည်းsusanကမူ
chinese majorကဖြစ်​သည်​။ နှိုင်းကတည်​ငြိမ်​သ​လောက်​Susanက​နေရာတကာပါသည်​။အ​ပေါင်းအသင်းလည်းဝင်​ဆံ့သူ။ပြီး​တော့ ပုရိသ​ယောင်္ကျား​လေးများ​၏အာရုံကိုလည်းဖမ်းစားနိုင်​သူ။နှိုင်း​သွေးသစ်​ကလွဲ၍​ပေါ့​လေ။သို့​သော်​Susanက​တော့သူ့အနားကိုနှိုင်းမှလွဲ၍​တော်​ရုံ​ယောင်္ကျား​လေးများကိုအကပ်​မခံ။
ယခုလည်း နှိုင်း၏ ပွစိပွစိ​ရေရွတ်​သံများကို အပြုံးတပွင့်​နှင့်​တုံ့ပြန်​ကာ ​အေး​အေး​ဆေး​ဆေးပင်​ ဝင်​ထိုင်​လိုက်​သည်​။
"နင်​ကလည်းဟာ!!!!​စော​စောစီးစီးပွစိပွစိနဲ့ အဖွားရီးကျနာ
ပဲ တကယ်​ပါပဲ စိတ်​ပျက်​လိုက်​တာ"
Susan၏ ​ဖြေရှင်းစကားကို နှိုင်းကကြည့်​မရစွာဖြင့်
"သွား​လေ အဲ့ဒါဆိုလည်းဘာလို့ငါ့ဆီလာ​နေ​သေးလဲနင့်
ဘယ်​သူ့မှမ​ခေါ်ဘူးသွားငါ့ဆီမလာနဲ့ သွားသွား"
ဟုနှင်​လွှတ်​တတ်​စမြဲ။
နှိုင်း၏ နှင်​သံကိုလည်းsusanကရှိသည်​ဟုပင်​မထင်​။
အေး​အေး​ဆေး​ဆေးcoffeeတခွက်​မှာကာထိုင်​​သောက်​​နေ၏။နောက်​ဆုံး​တော့ နှိုင်း​သွေးသစ်​တို့ပဲလက်​​လျော့ရစမြဲ​ပေါ့။
"ကဲ မ​ရွှေ​ချော ခင်​ဗျား​လေးမသွား​သေးဘူးလား
ကျောင်းတက်​​တော့မယ်​​နော်​ classလွတ်​​တော့မယ်​ ငါ​တော့သွားပြီ"
နှိုင်းတစ်​​ယောက်​​လေ့လာလက်​စစာအုပ်​ကိုပိတ်​ရင်းsusanကို​ပြောကာ ထသွားရန်​ပြင်​လိုက်​သည်​။
"​အေးပါဟာ ငါလည်းအခုသွား​တော့မယ်​ bye bye ​နေ့လည်​ငါမလာ​တော့ဘူး နက်​ဖန်​holidaysရပြီစ​နေတနင်္ဂ​နွေ နင့်​အိမ်​လာမယ်​ဒါပဲ bye bye"
ပြောချင်​ရာ​ပြောပြီး ထွက်​သွား​သောSusan​ကျောပြင်​ကို
ကြည့်​ကာ နှိုင်းစိတ်​ပျက်​သလို​ခေါင်းခါလိုက်​ရင်းအတန်းဆီသို့သာ ထွက်​လာခဲ့​တော့သည်​။
^_^
ဆူညံစွာမြည်​​နေ​သောphသံ​ကြောင့်​ ရှိန်းကာရန်​စိတ်​ရှုတ်​စွာphကိုယူကြည့်​လိုက်​​တော့ contact nameက
"တိမ်​ယံ"
phကိုကိုင်​လိုက်​ရင်း ​ဒေါသထွက်​ထွက်​နှင့်​ အသားကုန်​ဆဲပစ်​လိုက်​သည်​။သူအသံအပြီးတွင်​ တဖကိမှ တိမ်​ယံ၏ ခပ်​ဟဟရယ်​သံကိုကြားလိုက်​ရသည်​။ ရှိန်းကာရန်​သိလိုက်​ပါပြီ။ သူ့ကိုသက်​သက်​လာကလိတယ်​ဆိုတာကို
သူကအိပ်​​နေရင်​ လာနှိုးတာကိုအ​သေမုန်းတာ​လေ။ ဒါကိုသိလို့တိမ်​ယံမင်​ကြပ်​တာဖြစ်​မည်​"
"ဘာလဲ​ပြောကွာာ"
"စိတ်​ကြီးပဲကွာ ကာရန်​ရာ ငါအ​ကောင်း​ပြောမလို့"
"​ပြောကွာ.....ဘာလဲ​ပြောာာာာ"
"မင်းဘာလို့​ကျောင်းမလာတာလဲ"
"အိပ်​ချင်​လို့​လေ........"
"တကယ့်​​ကောင်​ပဲtutorialရှိတာသိရက်​နဲ့ အခုလာခဲ့"
"မလာဘူး​​မေးလည်းမ​ဖြေ​တော့ဘူး​ပြောလိုက်​ငါအိပ်​​ရေးမဝ​သေးဘူး ထပ်​မဆက်​နဲ့​နော်​ ထပ်​ဆက်​ရင်​ အခုမင်းဝယ်​​ပေးထားတဲ့ ကားနဲ့မင်းကိုတိုက်​သတ်​ပစ်​မယ်​"
ပြောပြီးPhချပစ်​လိုက်​ကာ ပြန်​လည်​အိပ်​စက်​ခြင်းဆီသို့။
^_^
ညသည်​ပုံမှန်​အတိုင်းပင်သူ၏တ​နေ့တာတာဝန်​ကိုထမ်း​ဆောင်​​နေ၏။အရာရာသည်​တိတ်​ဆိတ်​လျက်​ ။ လူကုံထံအသိုင်းအဝိုင်းများရပ်​ကွက်​ဖြစ်​၍လည်းပို၍တိတ်​ဆိတ်​​နေသလိုပင်​။ ပြတင်း​ပေါက်​မှ ဖြတ်​တိုက်​လာ​သော ​လေနု​အေး​လေးက နှိုင်း​သွေးသစ်​၏မျက်​နှာကိုဖြတ်​ကာ ကလူကျီစယ်​သွား၏။ ကြည့်​လက်​စ သင်​ခန်းစာစာအုပ်​ကိုပိတ်​ကာ အ​ဝေးကို​မျှော်​ကြည့်​မိသည်​။အ​ကြောင်းရင်းမရှိပဲ​ရောက်​တတ်​ရာရာ​တွေး​နေသည်​မှာ ကြီး​မေဝင်​လာသည်​ကိုပင်​မသိ။
"သား ဘာ​တွေ​တွေး​နေတာလဲ နှိုင်း​လေး"
ကြီး​မေအသံကြားမှ နှိုင်း​သွေးသစ်​၏ စိတ်​အဟုန်​တို့
ပစ္စုပ္ပန်​ကိုပြန်​လည်​​ရောက်​ရှိလာပုံရသည်​။ကြီး​မေဆီသို့ ​ခေါင်းလှည့်​လိုက်​ကာ ရင်​ခွင်​ထဲတိုးဝင်​ရင်း
"ဘာမှမဟုတ်​ပါဘူး ကြီး​မေရဲ့ စာကြည့်​ရင်း​ညောင်းလာလို့​ရောက်​တတ်​ရာရာ​တွေး​နေတာ"
"အမ​လေး​လေး မင်းက​လေးလားကြီး​မေကိုလာချွဲ​နေပြန်​ပြီဘာလိုချင်​လို့လဲ​ပြောပါဦးဘာလဲမင်း​လေးရည်းစားရ​နေပြီလားမိန်းမလိုက်​​တောင်း​ပေးရမှာလား"
"ဟာ ကြီး​မေက​တော့လုပ်​ပြီ သားက​ဖေ​ဖေနဲ့​မေ​မေအ​ကြောင်းကို​တွေး​နေတာပါ တခြားဘာမှစိတ်​မဝင်​စားဘူးစာပဲစိ​တ်​ဝင်​စားတယ်​"
သူ့အ​ဖြေစကားကိုကြီး​မေကသ​ဘောကျဟန်​ဖြင့်​ ​ပျော့အိ​နေ​သော ဆံနွယ်​တို့ကိုထိုးဖွလိုက်​ရင်း
"အမ​လေး​လေး ကြီး​မေသိပါတယ်​​တော်​ ဒါ​ပေမယ့်​စိတ်​မဝင်​စားလို့မရဘူး​နော်​ မျိုးဆက်​ပြတ်​လို့မဖြစ်​ဘူးသားရဲ့ ကြီး​မေကလည်းအပျိုကြီးဆို​တော့သားပဲရှိတာ
ကြီး​မေတို့ရဲ့မျိုးဆက်​မပြတ်​ဖို့မင်းမှာတာဝန်​ရှိတယ်​​နော်​သား"

ကြီး​မေ၏ စကားကို စိတ်​ရှုတ်​ဟန်​ဖြင့်​ ရင်​ခွင်​ထဲမှ ရုန်းထွင်​လိုက်​ရင်း
"ကြီး​မေကလည်း သားအိပ်​ချင်​ပြီ အိပ်​​တော့မယ်​ ကြီး​မေလည်းကိုယ့်​အခန်းကိုပြန်​​တော့ သွား"
"အမ​လေးဟုတ်​ပါပြီ အိပ်​​တော့​နော်​ ကြီး​မေသွားပြီအဲ့ဒါဆို"
"Goodnight ကြီး​မေ အာဘွားးး"
ကြီး​မေ၏ အခန်းတံခါးပိတ်​သံကြား​တော့မှ နှိုင်း​သွေးသစ်​လည်းအိပ်​ဖို့ပြင်​လိုက်​သည်​။ ​ဘေးနားရှိ ညမီး​လေးကိုထွန်းလိုက်​ရင်းမျက်​လုံးအစုံကိုအနား​ပေးဖို့ကြံစည်​မိပြန်​​တော့
သာယာ​သောဂီတသံစဉ်​တချို့က သူ၏အကြားအာရုံကိုလှုံ့​ဆော်​​ပေး​နေပြန်​ပါသည်​။ အိပ်​ယာထက်​ဆီမှ လူးလဲထကာ ပြတင်း​ပေါက်​ကို ဖွင့်​ရင်း လိုက်​ကာကြားမှ အသံကြားရာ ကို​ တဖက်​ခြံကို​ချောင်းကြည့်​မိ​တော့
"လူတစ်​​ယောက်​ဂစ်​တာတီး​နေပါလား"
တစ်​​ယောက်​တည်းတီးတိုး​ရေရွတ်​ရင်း သူကိုယ်​သူ​တောင်​မသိလိုက်​ခင်​မှာ ထိုသူ၏သီချင်းသံကို နားစွင့်​မိလျက်​သား။
အဆုံးသတ်​သွား​သော ဂီတသံအဆုံးတွင်​​တော့ အမှတ်​မထင်​ ​မော့ကြည့်​လာ​သော ထိုသူ၏ စူးရှလှသည့်​မျက်​လုံးအစုံကို နှိုင်းမြင်​လိုက်​ရ၏။ အလန့်​တကြားပင်​ လိုက်​ကာ​နောက်​ကွယ်​လိုက်​ရသည်​။
^_^
ရှိန်းကာရန်​တ​ယောက်​ ပျင်းပျင်းနှင့်​ ခြံထဲဆင်းကာ ဂစ်​တာတီး​နေတုန်း တ​ယောက်​​ယောက်​ကကြည့်​​နေသလိုခံစားရ​သော​ကြောင့်​ ​မော့ကြည့်​လိုက်​​တော့ တဖက်​ခြံရှိ အိမ်​ကြီးအ​ပေါ်ထပ်​ လိုက်​ကာကြားမှ​ချောင်းကြည့်​​နေ​သော မျက်​ဝန်းတစုံကို​တွေ့လိုက်​ရသည်​။ သူကြည့်​တာကိုမြင်​​တော့ လိုက်​ကာ​နောက်​သို့ အလန့်​တကြား​ပြေးဝင်​သွားပုံရသည်​။ ပြန်​​ပေါ်လာ​လေမလားဟူ​သော​မျှော်​လင့်​ချက်​ဖြင့်​​စောင့်​ကြည့်​​သော်​လည်းပြန်​​ပေါ်မလာ​တော့။ မဖြစ်​​ချေ​တော့ မနက်​​ကျောင်းသွားရဦးမယ်​​လေ မဟုတ်​ရင်​ ​မွေးသဖခင်​ကြီးကအိမ်​​ပေါ်ကကန်​ချ​တော့မည်​။
"ကံမကုန်​​သေးရင်​ မင်းနဲ့ပြန်​ဆုံချင်​​သေးတယ်​ မဟုတ်​ဘူး မဆုံဆုံ​အောင်​ကိုလုပ်​မှာပါ ရှိန်းကာရန်​တို့ လုပ်​ချင်​ရင်​ သိကြားမင်းဆင်းတားရင်​​တောင်​ ဖြစ်​​အောင်​လုပ်​တတ်​တဲ့​ကောင်​ဆို​တော့​လေ....ဘာပဲဖြစ်​ဖြစ်​ပါ Good night babe"

Continues.....

နှလုံးသားနှင့်​ရင်း၍​Where stories live. Discover now