နေခြည်နုနုက လောကတခွင်ကို ဖြာကျနေလေသည်။ နံနက်ခင်း၏ သဘာဝအလှတရားတခုဖြစ်သောကျေးငှက်တို့၏တွန်ကျူးသံလေးများကလည်း ဟိုမှသည်မှထွက်ပေါ်လျက်။ ဖူးရစ်စ ပုရစ်ဖူးတို့ကလည်း သူ့ထက်ငါအပြိုင်အဆိုင်လှသွေးကြွယ်နေကြသည်။
Sundayဖြစ်သောကြောင့် နှိုင်းသွေးသစ် တစ်ယောက်ခြံထဲမှ အပင်ရိပ်အောက်တွင် စာအုပ်တအုပ်ကို စိတ်ဝင်တစားဖတ်နေလေသည်။တချက်တချက် တိုက်ခတ်လာသောလေရူးလေးများ၏ တိုးဝှေ့ခံရမှုနောက်မှာ နှိုင်းသွေးသစ်၏ ပျော့ပြောင်းသောဆံနွယ်တို့က လိုက်ပါဆော့ကစားနေကြသယောင်။
Coffeeတခွက်ကို အရသာခံသောက်ရင်း စာဖတ်နေရာမှ ရုတ်တရက်ဝင်လာသောphကြောင့် နှိုင်းသွေးသစ်၏ အာရုံတို့လွင့်ပြယ်သွား၏။phကိုကောက်ကိုင်လိုက်ရင်း
"yebosayaw"
korea လိုနှုတ်ဆက်သံ၏ အဆုံးမှာ တစ်ဖက်မှ ခပ်စွာစွာအသံထွက်လာ၏။
"ဟဲ့ ငါSusan လူလိုပြော နင်တို့majorကစကားတွေနဲ့
လာမပြောနဲ့ တရုတ်လိုပြန်ကစ်လွှတ်လိုက်လို့ တစ်ခါတည်းမှိုင်သွားမယ်ဘာမှတ်နေလဲ"
Susan၏ ရန်တွေ့သံကို အလေးမထားသည့်အလား နှိုင်းခပ်ဟဟရယ်ရင်း
"အေးပါ Susanမရယ် မလုပ်ပါနဲ့ နင်တို့ဘူးသီးကြော်လေးတွေကို ငါကြောက်လို့ပါ စကားပြောရင်း လမ်းတင် လျှာခလုတ်တိုက်မယ့်အကွက်တွေဟဲဟဲ""ကဲ တော်ပါတော့ ပြောစရာရှိတာပြောဖို့phဆက်တာ လိုရင်းမရောက်တောဘူး"
"ပြောလေ........ဘာလဲ"
"နင်စုံစမ်းခိုင်းတဲ့ကိစ္စငါသိရပြီ"
Susan၏ စကားသံအဆုံး နှိုင်းသွေးတို့ပွက်ပွက်ဆူလာသလိုခံစားလိုက်ရသည်။
"အဲ့ဒါအခုငါနင့်အိမ်လာခဲ့မယ် နှိုင်း နင်အားတယ်မလား"
"အေး အားတယ် အခုလာခဲ့!"
နှိုင်းအသံတို့ လိုတာထက်ပို၍တင်းမာနေသည်ဆိုတာကို susanခန့်မှန်းမိလိုက်သည်။နှိုင်းနဲ့ငယ်ငယ်တည်းကပေါင်းလာသော သူဖြစ်၍ သူ့အကြောင်းမသိတာနည်းသည်။နှိုင်းသွေးသစ်သည် အနေအေးသလို သူ့ကိုလာထိလျှင်လည်း ချက်ချင်းပြန်တုံ့ပြန်တတ်သည်မှာ သူ၏ cute faceလေးနှင့်ပင်မလိုက်။ဒေါသကကြီးသည်။ထို့ကြောင့်phကိုမြန်မြန်ချကာ ကားသော့ဆွဲ၍ သူမသူငယ်ချင်းအိမ်သို့သာ အပြေးလာခဲ့ပါတော့သည်။
JE LEEST
နှလုံးသားနှင့်ရင်း၍
Fanfictie"Play boyတစ်ယောက်က အချစ်စစ်ကို မတွေ့ရဘူးတဲ့လား နှိုင်းး ငါမင်းကိုတကယ်ချစ်တာ" "မင်းလိုplay boyတယောက်နှုတ်က ထွက်လာတဲ့ ချစ်တယ်ဆိုတာကို ငါကယုံရမှာလား ကာရန် သွားစမ်းပါ"