ညအချိန်သို့ရောက်လာပြီဖြစ်၍ အမှောင်ထုကကြီးစိုးလာ၏။ ပတ်ဝန်းကျင်တခုလုံးကိုအနက်ရောင် ကတ္တီပါစဖြင့် လွှမ်းခြုံထားသလိုပင်............
ကောင်းကင်၌ ကြယ်တာရာတို့၏ မှိတ်တုတ်မှိတ်တုတ် အလင်းရောင်များသာ ရှိသည်။ လမင်းကြီးကတော့ တိမ်မဲများ၏အောက်တွင် ပုန်းကွယ်နေပြီထင့်.......Yangon မြို့ရှိ club တခုတွင်ဖြစ်သည်။
ဆူညံလှသော သီချင်းသံများ ၊ ရောင်စုံ နိုက်ကလပ်မီးလုံးများ အကြားတွင် စည်းချက်ညီညီ လူငယ်လူရွယ်များ ကခုန်နေကြသည်။ တခုသော ချောင်ကျကျစားပွဲဝိုင်းတွင်တော့ လူငယ်တစုထိုင်နေ၏။ သူတို့၏ မျက်လုံးများကတော့ ကခုန်နေကြသော လူများဆီသို့။
"ဘယ်လိုလဲ ရှိန်းကာရန် မင်းအရှုံးပေးချင်ပေးလို့ရတယ်နော်"
စားပွဲဝိုင်းမှ ခပ်ချောချောကောင်လေးတယောက်၏ အမေးကို ရှိန်းကာရန်ဟု အမည်တပ်ခံလိုက်ရသော ကောင်လေးက နှုတ်ခမ်းအစုံကို တွန့်ချိုးလိုက်ရင်းအဖြေပေးလိုက်သည်မှာ
"အပြောမကြီးနဲ့လေ တိမ်ယံ ကစားပွဲကခုမှစမှာ"
ပြောပြီးတာနှင့် ရှိန်းတစ်ယောက်စားပွဲမှထကာ smartကျကျ လျှောက်သွားလိုက်သည်။သူ့ဦးတည်ရာက barတွင် ထိုင်နေသော နှုတ်ခမ်းနီမလေးတဦးဆီသို့"Hey lady တယောက်တည်းလား "
ရှိန်းတယောက်ပြောရင်းနှင့် ဘေးသို့ဝင်ထိုင်လိုက်သည်။ တဆက်တည်း တိမ်ယံပြောခဲ့သော စကားများကပဲ့တင်ထပ်လျက်။
"သူ့နာမည်က mary တဲ့ နာမည်ကြီးqueenတယောက်ပဲ ယောင်္ကျားတွေကို လူထင်တာမဟုတ်ဘူး သူ့ဆီကအချစ်ကိုဘယ်သူမှမရသေးဘူး မင်းတညတည်းနဲ့ သူ့ဆီကအချစ်ကို ယူရမယ် နိုင်ရင် အခုနောက်ဆုံးပေါ် ပြိုင်ကား""sorryပါကွာ ကောင်မလေးရေ ကားတစီးကငါ့အတွက်မလိုပေမယ့် ငါ့သိက္ခာတော့အကျမခံနိုင်လို့ပါ ရှိန်းကာရန်ဆိုတဲ့ကောင်က play boy ဆိုတဲ့ဂုဏ်ကို လွယ်လွယ် ရခဲ့တာမဟုတ်ဘူးလေကွာ"
YOU ARE READING
နှလုံးသားနှင့်ရင်း၍
Fanfiction"Play boyတစ်ယောက်က အချစ်စစ်ကို မတွေ့ရဘူးတဲ့လား နှိုင်းး ငါမင်းကိုတကယ်ချစ်တာ" "မင်းလိုplay boyတယောက်နှုတ်က ထွက်လာတဲ့ ချစ်တယ်ဆိုတာကို ငါကယုံရမှာလား ကာရန် သွားစမ်းပါ"