{ Episode - 15 }

5.6K 733 21
                                    

C's SHADE

[ Unicode ]

" Byun BaekHyun...ရှေ့နေ့မင်းကိုလာတွေ့တယ် "

အမိန့်သံအဆုံးမှာ နံရံထောင့်နားမှာ ခေါင်းငိုက်စိုက်ကျ
နေတဲ့ ကောင်လေးတစ်ယောက် ရုတ်တရက်
ကြောင်တောင်တောင်လေးနဲ့ မော့ကြည့်ပြီး စကားပြောဖို့
အခြားအခန်းကိုဦးတည်သွားလိုက်တယ်။

ကျွန်တော်နေရာယူပြီးတာနဲ့ ရှေ့နေ့အမျိုးသမီးက
ထမင်းဗူးတွေကို ဖွင့်ပြီး ချည်နှောင်ခြင်းခံထားရသည့်
လက်ချောင်းကြားထဲသို့ ဇွန်းကို ထည့်ပေးသည်။
ကျွန်တော်ကြိုက်တဲ့ အသားပြားကြော်ရယ် နဲ့
အရွက်ကြော်မျိုးစုံ ၊ထမင်းလိပ် ၊ ကြက်ဥကြော်
အစုံအလင်ပါပဲ ။

" တို့ချက်လာတာမဟုတ်ဘူး၊ ဒါတွေကဆိုင်မှာဝယ်လာတာ။
မင်းအားရှိအောင်စားလိုက်ဦး "

"ဘာလို့လဲ?သဘက်ခါဆို အမိန့်ချတော့မှာဆို?  ကျွန်တော်နဲ့
တွေ့စရာလိုသေးလို့လား? "

ကျွန်တော်မေးတဲ့မေးခွန်းကိုအရေးမစိုက်ဟန်နှင့်
ဟင်းရည်ကိုခွက်ထဲငှဲ့ထည့်ပေးနေသည်။
သူမမျက်နှာကြည့်ရတာ တည်တည်ငြိမ်ငြိမ်နှင့် ။

" အရင်စားလိုက်ပါဦး "

သူမရဲ့တုံ့ပြန်သံအပြီးမှာ စားပွဲခုံပေါ်သို့ ဇွန်းကို
ခပ်ကြမ်းကြမ်းရိုက်ချလိုက်မိတယ်။ သူမကိုကြည့်ရတာ
ထိတ်လန့်သည့်ပုံလည်းမပေါ် ။

" BaekHyun... , မင်းဘာတွေတွေးနေတာလဲ?"

သူမမေးခွန်းက ရိုးရှင်းလှပါတယ်။
သို့သော်ရှင်းလင်းလွန်းသည့် မေးခွန်း၏ အဖြေက
လွန်စွာရှုပ်ထွေးနေ၏။ ကိုယ်ကိုယ်တိုင်ပင် မသိရလောက်အောင် ဘာတွေတွေးနေမိသလဲဆိုတာ။.

" ဘာလို့ ကျွန်တော့်ကိုလာတွေ့တာလဲ? "

"လာတွေ့ခိုင်းလို့....  မင်းကို တွေ့ဖို့အတွက်
တောင်းဆိုလို့ ''

တောင်းဆိုတယ် ။
ဘယ်သူကလဲ...  သူမက အစိုးရရှေ့နေတစ်ယောက်ပဲ။
အခကြေးငွေယူပြီး ခိုင်းတိုင်းလုပ်ပေးရတဲ့ အလုပ်မျိုးမှ
မဟုတ်တာပဲလေ။

" Park Chan Yeol ဆိုတဲ့ ပုဂ္ဂိုလ် က ၊ ဒီအမှုမှာ မင်း
အပြစ်မရှိကြောင်းကို အဆုံးထိရောက်အောင်
ဖြေရှင်းပေးဖို့ က တို့တာဝန် ။ တို့ကအစိုးရ ဝန်ထမ်း
မှန်ပေမယ့် မင်းကိုပေါ့ပျက်ပျက်တော့ အဆုံးမသတ်ပေးပါဘူး။
ဒီတော့ BaekHyun...  မင်းလုပ်ခဲ့တယ်ဆို
အခု တို့ရှေ့မှာပဲဝန်ခံလိုက် ၊ အကယ်၍ မင်းနဲ့မဆိုင်ပဲမတော်တဆမှု သက်သက်
ဆိုရင် ဒီနေရာမှာပဲ တို့ကိုယုံကြည်စွာဖွင့်ချလိုက် ၊ကျန်တာ တို့လုပ်မယ်။ "

|| C's Shade || 《 Completed 》 [Unicode/ZawGyi]Where stories live. Discover now