{ Episode - 10 }

6.7K 776 16
                                    

C's SHADE


[ Unicode ]

မိုးသောက် ချိန်၌ သက်ကြီးတို့ ထုံးစံအတိုင်း
စောစောစီးစီး နိုးနေ၍ ဟင်းတွေပြင်ဆင်နေသည့် ဖွားဖွားကြောင့်  Chan Yeol အိပ်ယာက ထလိုက်သည်။ သူ့နံဘေး နား ခွေခွေလေး အိပ်နေတဲ့
Baek Hyun ကတော့ နိုးမည့်ပုံ မပေါ်သေး ။

ခြံဝန်းလေးတွင်း၌ မျက်နှာကို ဖြစ်သလိုသစ်လိုက်ပြီး
ကား ကိုစစ်ဆေးလိုက်သည်။ Baek Hyun နိုးတာနဲ့ပြန်မှ ဆိုးလ်ကို အချိန်မှီရောက်မည် ၊ မဟုတ်ရင် သူတစ်ညတာ ခွင့်ယူလိုက်ခြင်းက အကြောင်းဆိုးသွားလိမ့်မည်။

Chan Yeol ကားစက်ကိုနိုးတော့ Baek Hyun နိုးလာသည်။ ဆူညံသည့်အသံကြောင့် နိုးလာတာမို့
သူ့မျက်လုံးတွေက မပွင့်သေး ။ ဆံပင်တွေမှာလည်း ပွစုတ်လို့ ၊ ခေါင်းမြီးခြုံ၍ ပြန်အိပ်သွားတာကြောင့်
အဖွားက သူ့ကိုကြည့်ပြီးရယ်သည်။

" အိတ်ပုပ်လေး ၊ ထတော့ ။ ဆိုးလ်ကိုပြန်ရမယ်လေ "

Baek Hyun တုပ်တုပ်မျှမလှုပ်။

" ခွေးလေး ၊ Chan Yeol အလုပ်ရှိသေးတယ်လေ ကွယ်"

ခေါင်းလေးစုတ်ဖွားနှင့် ထလာသည့် BaekHyun ကိုလှမ်းကြည့်ပြီး ChanYeol ရယ် မိသည်၊ သူ့အဖွားကလည်း သေးသေးကြီးကြီးဟင်းဗူး
တွေထည့်ပေးနေသေးတယ်။

" ဖွား ကျွန်တော်တို့ သွားတော့မယ်နော် "

အဖွားဖြစ်သူကိုသေချာမနှုတ်ဆက်ပဲ ကားပေါ်အရင်သွားထိုင်နေသည့် Baek Hyun ကြောင့်
ခြံရှေ့ထိထွက်လာသော အဖွားကို Chan Yeol ကသာ
နှုတ်ဆက်လိုက်ရသည်။ ခွဲခွာချိန် တစ်ခဏ ကိုမသိချင်ယောင်ဆောင် နေတာလည်း ဖြစ်နိုင်ပါ၏။
တရိပ်ရိပ် ပျောက်ကွယ်သွားသည့်ကားလေးသည်
ရွာငယ်တွင်းမှ ထွက်ခွာသွားချေပြီ။

" ဘာလို့လဲ ?  မငိုပါနဲ့ကွာ ၊ တွေ့ချင်ရင်အချိန်မရွေးသွားပြန်တွေ့လို့ရတာပဲကို။"

လက်ထဲမှာပိုက်ထားတဲ့ မုန့်တွေ၊ ဟင်းဗူးတွေကိုကြည့်ပြီး
အံကြိတ်ကာ ငိုနေသော BaekHyun ကြောင့်
ChanYeol ဘာလုပ်ရမှန်းမသိတော့။

" Hyung အိမ်ကိုပဲအရင်ပြန်ရအောင် ၊ပြီးမှ ကျွန်တော့်ဘာသာ ပြန်မယ် "

|| C's Shade || 《 Completed 》 [Unicode/ZawGyi]Where stories live. Discover now