{ Episode - 13 }

6.1K 693 41
                                    

C's SHADE

[ Unicode ]

ရုပ်ရှင်ရုံထဲမှာ သူ့အမြင်တွေကို စီကာ
ပြောနေတဲ့ BaekHyunee ကိုလက်ဆွဲခေါ်လာလိုက်ပြီး
ကားပေါ်တင်လိုက်သည်။ သူကတော့ပြူးကြောင်ကြောင်
လေးလုပ်ရင်း ကျွန်တော့်ကိုကြည့်နေတယ်။ မောင်းသူ
နေရာမှာ နေရာဝင်ယူလိုက်ပြီး အရှိန်တင်ကာ ကားကိုမောင်းချလိုက်တယ်။

အစပိုင်း မှာ အူကြောင်ကြောင် ပုံလေးနဲ့ BaekHyun က
အရှိန်ကောင်းလာလေ ဘေးတံခါးကိုဖွင့်ပြီး.ညလေကို
အပြည့်အဝခံစားတတ်လာတယ်။

ပြတင်းဆီမှဝင်လာတဲ့လေအေးတွေကို မျက်ဝန်းလေး
မှိတ်ကာ ခံစားရင်း သူအတော်ပျော်နေတာသိသာသည်။
တစ်ခါတစ်လေ အသံပိစိလေးတွေပါထွက်လာတတ်၏။
လေတဖြူးဖြူးလေးနဲ့အတူ ဝဲလွင့်နေတဲ့ ဆံစလေးတွေရယ်နဲ့ ပန်းလေးတစ်ပွင့်လို BaekHyun မျက်နှာအစိတ်အပိုင်းလေးတွေဟာ ပန်းနုရောင်သန်းလို့နေ၏။
ကားကိုအရှိန်တင်မောင်းရင်း လူရှင်းသည့်နေရာတွင်ရပ်လိုက်သည်။

"Hyung,ဘာလို့ရပ်လိုက်တာလဲ! "

ကြောင်တောင်တောင် လေးနဲ့ ပြန်လှည့်မေးသူက
BaekHyun ရယ်ပါ ။ ဦးထုပ်လေးကိုပြင်ဆောင်းလိုက်ပြီး
အလိုမကျပုံနဲ့ ကျွန်တော့်ကိုကြည့်လာတယ်။

"ပျော်ရဲ့လား "

တစ်ခွန်းတည်းသာမေး၏။ ထိုကောင်လေး
ထံမှအဖြေအား ရင်ခုန်စွာစောင့်ဆိုင်းနေမိသည်။
တကယ်တော့ ကျွန်တော်သူ့အတွက်လုပ်ပေးတဲ့အရာ
အားလုံးကို သူသဘောကျစေချင်တယ်။

" အင်း ၊ ညဘက်ဒီလိုမသွားရတာကြာပြီ "

"မေ့သွားပြီလား? ".

ထပ်၍ဖြေရန်မေးခွန်းတစ်ခု။
ထိုကောင်လေး အဆက်အစပ်မရှိ ဖြစ်နေပုံရသည်။
အူလည်လည်နှင့် ပြန်စဉ်းစားနေသည့်ပုံ။

" ဘာကိုလဲ Hyung ဟီးဟီး "

"တင်မိုသီကိုလေ , မင်းရဲ့ ကာတွန်းဇာတ်ကောင်လေးကို
မေ့နေပြီလားလို့ "

|| C's Shade || 《 Completed 》 [Unicode/ZawGyi]Where stories live. Discover now