နက်ပြာရောင် မှန်တွေနဲ့ ဘောင်ခတ်ထားတဲ့
ကားရဲ့ အတွင်းဘက်က သူ။
ငိုနေတာ ဘယ်လောက်ကြာနေပြီလဲ ။
မစဉ်းစားဘဲ ပြောလိုက်မိတဲ့ စကားတစ်ခွန်းနဲ့
ချစ်ရသူကို နာကျင်စေခဲ့မိပြီ။'ငါ့အမှား..ငါ့အမှားပါ Yoona..
တောင်းပန်ပါတယ်..'ကားလက်ကိုင်ကို နဖူးနဲ့ တိုက်ရင်း သူမကြားနိုင်ပေမဲ့
တတွတ်တွတ်တောင်းပန်နေမိသည်။
သူအခု ဘာလုပ်နိုင်တော့မှာလဲ။
ခွင့်လွှတ်ဖို့ တောင်းပန်ရမှာ မပြောနဲ့..
မျက်နှာချင်းတောင် မဆိုင်ရဲတော့။
သူ အရမ်း နာကျည်းသွားမှာ.သူ သိပ် ခံစားသွားရမှာ။'အရူးမ ..ဒါအားလုံး နင့်ကြောင့်ဘဲ..
နင့်ကြောင့်နင့်ကြောင့်..'ရင်ဘတ်ကို တဖုန်းဖုန်း ထုရိုက်ရင်းသာ
ကိုယ့်ကိုကိုယ်အပြစ်တွေပေးနေမိသည်။
ကားမှန်ပေါ်ကို တဖွဲဖွဲ စင်လာပြီဖြစ်တဲ့ မိုးပေါက်တွေ။
ဂျူလိုင်လရဲ့ ပထမဆုံး မိုးရွာ ခြင်းပဲ။
သူမရဲ့ အပြစ်ကို မိုးကတောင် ခွင့်မလွှတ်နိုင်ဘူးထင်ပါရဲ့။
အစက ဖွဲဖွဲလေးရွာေနရာကနေ မိုးက တဖြည်းဖြည်း
ကြမ်းသထက်ကြမ်းလာသည်။'ငါ..ဒီအတိုင်း ထွက်သွားပေးရမလား..Yoona..
နင့်ရဲ့ ဆုတောင်းကို ဖြည့်ပေးဖို့လေ..
ငါ့တို့က ဘယ်တုန်းကမှ မသိခဲ့တဲ့ သူတွေလိုပေါ့။အဲ့ဒီ ရူးမိုက်တဲ့ ဆုံးဖြတ်ချက်က... သူသာမဟုတ်ဘဲ
နှလုံးသားနောက်တစ်စုံအတွက်... နာကျင်မှုကို...
ထပ်ဖြစ်စေမယ်ဆိုတာကို Yuri မသိခဲ့လေသလား။။....................................................
Yoona လက်ထဲက အိတ်ကို စားပွဲပေါ် ပစ်ချပြီး
ဆိုဖာပေါ် ထိုင်ချလိုက်သည်။
ပင်ပန်းတယ်..အရမ်းပဲ။အချစ်က အဲ့လိုပဲလား။
ဘယ်လောက်ပဲ နာကျင်နေပေမဲ့ မုန်းဖို့
ခက်ခဲနေတာ။သူ Yuri ကိုချစ်သည်။
သူ့ကို နာကျင်စေပေမဲ့ Yuri ကိုချစ်နေဆဲပင်။
![](https://img.wattpad.com/cover/85648158-288-k371098.jpg)
YOU ARE READING
Us Under The Sky (Same Hearts)\\YoonYul\\
FanfictionSomeday... I wish... You'll love me too! [YOONYUL]