ငါ့အချစ်တွေကတော့
နေမင်းရဲ့ အကူအညီကို
ယူပြီးတော့မှ.ထွန်းလင်းပေးတဲ့..
လမင်းနဲ့ တူခဲ့တယ်
♕ ♕ ♕ ♕ ♕ ♕ ♕ ♕ ♕
'Yuri ပြန်မရောက်လာသေးဘူးလား'
Jessica က မေးလိုက်ရင်း တီဗီ ကြည့်နေတဲ့ Taeyeon ဘေး ၀င်လာထိုင်သည်။
'အင်း ..နေ့လည်က ထွက်သွားတယ်..'
'Aw..ကျန်တဲ့ သူတွေရော..'
'Schedule..Yoona ကတော့
ထုံးစံအတိုင်းပေါ့''Hmm'
Sica က ပြန်ဖြေရင်း Taeyeon ပခုံးပေါ်
မှီလိုက်သည်။' ခုပဲ..ထလာပြီး ငါ့ပခုံးပေါ် ပြန်လာအိပ်
မလို့လား ''Omm..ဘာလို့လဲ..စေတနာမရှိဘူးပေါ့လေ'
' မဟုတ်ပါဘူးဟာ..အိပ်ပါ..အိပ်ပါ..
ညနေစာစားပြီးပြီလား..''စားရသေးဘူး..ဗိုက်တော့ဆာတယ်'
'ငါလည်း မစားရသေးဘူး..ဒါဆို
ငါညစာ သွားလုပ်လိုက်မယ်..''တကယ်?..gomawo'
'ဘာစားမလဲ..ထမင်းကြော်?'
'အင်း..သခွားသီးမပါနော်'
'I know'
Taeyeon ညနေစာပြင်ဆင်နေတုန်း
Sica တယောက် လက်လေးနောက်ပစ်လျက်..
စစ်ဆေးရေးလာလုပ်လေသည်။ပြီးတော့ Taeyeon ရဲ့ ကင်ချီထမင်းကြော်ကို ကြည့်ပြီး ခေါင်းတငြိမ့်ငြိမ့်လုပ်နေရင်း..
'Ah!Tae ah..ကြက်ဥကြော်မှာမလား'
'Omm.ဒါပြီးမှ'
'Ok!..ငါ ဖောက်ထားပေးမယ်'
Sica က ပြောရင်း ကြက်ဥကို ဖောက်ထည့်လိုက်သည်။
'ခေါက်ဆွဲရော ပြုတ်မှာနော်..ပြီးတော့
Cola လဲ ရှိသေးတယ်မလား..
ပြီးရင် ice.cream နဲ့ အချိုပွဲတည်မယ်
ငှဲငှဲ 'Sica က သူ့ဟာသူ အစီအစဉ်တွေချရင်း
ရယ်နေသည်။ Tae ကတော့ ခေါင်းတခါခါနဲ့..'ရပြီ..စားလို့'
'၀ိုး..Taeyeon iz the best'
Sica က လက်မထောင်ရင်း ချီးကျူးလိုက်သည်။
Taeyeon က ရယ်ရင်း ကြက်ဥကြော်ကို
ခပ်ထည့်ပေးလိုက်သည်။
နောက် ကိုလာကိုပါ ထည့်ပေးပြီး
သူမလည်း ထိုင်စားလိုက်သည်။
Sica ကတော့Tae ရဲ့ ဂရုစိုက်မှုတွေကို
သဘောအကျကြီးကျလျက် ရုပ်က
ဖြီးနေသည်။
YOU ARE READING
Us Under The Sky (Same Hearts)\\YoonYul\\
FanfictionSomeday... I wish... You'll love me too! [YOONYUL]