မင်းရဲ့အချစ်တွေက
ငါ့အနာဂတ်ကို
နေမင်းရဲ့အလင်းလို
တောက်ပစေတယ်..
♕ ♕ ♕ ♕ ♕ ♕ ♕ ♕ ♕ ♕
'Unnie..ထတော့လေ..ဒီနေ့ schedule
ရှိတယ်မလား''Hmm..'
သူမ တိုးတိုးလေးညည်းလိုက်ရင်း
မျက်လုံးကို ဖြည်းဖြည်းချင်းဖွင့်လိုက်တော့
Yoona က သူမကို ပြုံးပြီးကြည့်နေသည်။မနက်ခင်းရဲ့ နတ်သမီးလေးက သူ့ရှေ့ရောက်နေတာပဲ~~
Yoona က အပြင်သွားမလို့ထင်သည်။
သူမပြင်ဆင်ထားပုံအရ။မှုန်စုတ်စုတ်နဲ့ သူ့
အနားကို Yoona မျက်နှာလေးက
တဖြည်းဖြည်းနီးကပ်လာပြီး..'ဒီနေ့ အိပ်ယာက ထဦးမှာလား....ဒါမှမဟုတ် ဒီလောက်ကြည့်နေပုံထောက်ရင်...
Chaw အရမ်းလှနေလို့လား'Yoona က နောက်သလိုလိုပြောလာတော့..
သူ မနိုသ်ဘူးဆိုတဲ့ ပုံဖမ်းလိုက်ကာYoona ကို တွန်းဖယ်လျက်..မျက်လုံးတွေကို ပွတ်ရင်း ထထိုင်လိုက်သည်။'အပြင်သွားမလို့လား..'
'ဟုတ်..seunggi oppa နဲ့
သွားတွေ့မလို့'..Yoona ရဲ့ စကားကြောင့် Yuri မျက်နှာပျက်သွား
မှန်းမသိသာအောင် အမြန်ထိန်းလိုက်ရသည်။
မီဒီယာတွေကို အသိမပေးရသေးပေမဲ့
Yoona က member တွေကိုတော့
သူနဲ့တွဲနေမှန်း ပြောပြထားသည်။'သြော်..ဘယ်တော့ ပြန်ရောက်မှာလဲ'..
'ညနေလောက်တော့ ပြန်ရောက်မှာပါ.
ဘာလို့လဲ'..Yoona ကသူမရဲ့ နာရီလေးက်ုပတ်လိုက်ရင်းပြောလိုက်သည်
အဲ့နာရီလေးက yoona မွေးနေ့တုန်းက
သူအမှတ်တရလက်ဆောင်ပေးခဲ့တာလေ..'ဟင်..ဒီည sunny မွေးနေ့ ပါတီ ရှိတယ်လေ'
Yoona တယောက်ထိတ်လန့်သွားပြီး..
'ဟုတ်သားပဲ..မေ့နေလိုက်တာ..
ဘယ်လိုလုပ်မလဲ..''ရပါတယ်..ငါတို့ စီစဉ်ထားလိုက်မယ်..
ဒါပေမဲ့ အဲ့မတိုင်ခင်တော့ပြန်လာနော်..''Nae~~ အာ့တွေကြောင့် ဒီက
Yul unnie ကိုချစ်နေရတာ'.Yoona က သူမကိုဖက်ပြီးပြောလာတော့.
Yoona နဖူးကို ခပ်ဖြေးဖြေးရိုက်ကာ..
YOU ARE READING
Us Under The Sky (Same Hearts)\\YoonYul\\
FanfictionSomeday... I wish... You'll love me too! [YOONYUL]