Zawgyi
နောက်နေ့မနက် Baekhyun တစ်ယောက် ကျောင်းသွားခါနီး၌ ဖြစ်သည်။
"Ommaရေ ကျနော်သွားပြီနော်"
ဧည့်ခန်းမှာ သတင်းစာ ထိုင်ဖတ်နေတဲ့ Omma က
"အေးအေး Yeolလေးနဲ့ အတူတူမသွားဘူးလား မင်းတို့၂ယောက်ကလည်း ကျောင်းအတူတူပဲသွားရမှာကို တစ်ယောက်တစ်ကွဲဆီနဲ့ "
"ကိုယ့်ဟာကိုယ်သွားတာ ပိုပြီးနားအေးတယ်လေ ommaရဲ့ သွားပြီ တာ့တာ.."
ခြံရှေ့ရောက်တော့ ဟိုကိုယ်တော်ချောက စက်ဘီးရပ်ထားပြီး တံခါးပေါက်ဝမှာရပ်နေလေတယ်
*ဘာလားဟ... ငါ့ကို ဘာတွေ စာရင်းရှင်းချင်သေးတာလဲမသိဘူး*
"Hey BaekHyun.. တက်တက် ငါမင်းကိုစောင့်နေတာ "
စက်ဘီးနောက်ခုံပေါ် တက်ရန် ပုတ်ပြနေပြီး မျက်နှာကလည်း အဖြီးသားနှင့် Chanyeol ကို ကြည့်ကာ Baekhyun လန့်လာသည်။
"ဟင် နေပါဦးး ခဏလောက်ရှေ့တိုးခဲ့ဦးး"
"Waero.."
အူကြောင်ကြောင်နဲ့ ChanYeolတစ်ယောက် BaekHyun နားကပ်လာသည်
"နည်းနည်းငုံ့ပေးဦးး မမီဘူး"
"Ya.. ငဘတ် ငါ့ကိုဘာလုပ်မလို့လဲ"
BaekHyunခြေဖျားလေးထောက်ပြီး ChanYeol နဖူးကို စမ်းကြည့်လိုက်သည်..
"Amm... လူကတော့ နေကောင်းပါတယ် စိတ်ဖောက်ပြန်နေတာပဲနေမှာ ChanYeollie.. ညနေကျောင်းဆင်းရင် အိမ်ကလူကြီးတွေ ခေါ်ပြီးတော့ စိတ်ကျန်းမာရေးဆေးရုံကို သွားဖြစ်အောင်သွားလိုက်နော် အချိန်လွန်သွားမှာစိုးလို့..နော်.. လိမ္မာတယ်"
"ရူးနေလား ဘာတွေလာပြောနေတာလဲ"
"သူငယ်ချင်း အချင်းချင်းတွေပဲကွာ စိတ်ပူရတာပေါ့ ကဲ ဖယ် ဖယ် ငါကျောင်းသွားရဦးမယ်လေ ဟုတ်ပီနော်"
ခြံရှေ့မှာ ChanYeolကြောင်တောင်တောင်နဲ့ကျန်ခဲ့လေသည်
"Ya.. BaekHyun!!!"
BaekHyun မကြားချင်ယောင်ဆောင်ကာ ပြေးတော့သည်။ စက်ဘီးနဲ့ အမြန်လိုက်လာတဲ့ သူ့ကို ဘယ်လိုမှ ပြေးလို့မလွတ်တော့တာကြောင့်
YOU ARE READING
The Day we realize(Chanbaek Completed)
Fanfictionငယ်ငယ်လေးကတည်းက တကျက်ကျက် ရန်ဖြစ်လာတဲ့ မတည့်အတူနေ ကောင်လေးနှစ်ယောက်.. ရင်ထဲမှာဖြစ်တည်နေတဲ့ အချစ်ဆိုတဲ့ အရာကို တစ်ယောက်အပေါ်တစ်ယောက် သတိထားမိလာကြတဲ့အခါ....