အပိုင်း(၈)

Start from the beginning
                                    

ဟင်းးးးးး

ကျွန်တော်အတွေးများစွာထဲမှ ကိုကို ရဲ့သက်ပြင်းချ
သံကျယ်ကျယ်ကိုကြားမိလိုက်ရဲ့....

"အရင်လိုပဲ နေပေးပါလို့ ကိုကို မတောင်းဆိုတော့ပါ
ဘူးလွမ်းရယ် ကိုကို့ မှာလဲတားပိုင်ခွင့်မှမရှိပဲ..."

တားပိုင်ခွင့်မရှိဘူး ဟုတ်လား..ရှိအောင်လဲ ကိုကို
မလုပ်ချင်ဘူး မဟုတ်လား..

ကျွန်တော့်ဘက်က အတန်ကြာတိတ်ဆိတ်လို့နေ
ပြန်တော့ ကိုကို့ ဘက်ကပဲစတင်လို့ပြောလာပြန်တယ်...

"huk huk ကိုကို့ ကလေး လေးက ကိုကို့ ကို စိတ်
ဆိုးနေတာလား..."

ကိုကိုသုံးနှုန်းလိုက်တဲ့စကား..ကိုကို့ကလေး လေး
တဲ့ အနာပေးပြီးမှဆေးပေးတာလား ကိုကို..
ဒါမှမဟုတ် ကလေးတစ်ယောက်ထပ်ပိုပြီးမသတ်မှတ်ကြောင်း
ပြလိုက်တာလားလေ....

"စိတ်ဆိုးတယ် ကျွန်တော့်မှာစိတ်ဆိုးပိုင်ခွင့်ရှိလို့
လား..."

"ha ha တစ်ကယ်ကြီးစိတ်ဆိုးနေတာပဲကွ..ဟင်"

"ကျွန်တော့်ပုံကစိတ်ဆိုးနေတဲ့ပုံပေါ်လို့လား ကိုကို"

တည်ငြိမ်လို့နေတဲ့ကျွန်တော့်အသံကြောင့် မျက်နှာအနည်းငယ် ပျက်ရွင်းလို့သွားပေမဲ့..
ခတ္တခနသာ.....

"haha haha"

ရယ်စရာ စိုးစင်းမျှမပါဝင်တဲ့ ကျွန်တော့်အပြောကို
ကိုကို ရယ်နေခဲ့တာ လှောင်ရယ်ခြင်းတော့မဟုတ်ခဲ့.

ငိုချင်စိတ်ကိုဖုန်းကွယ်ရန်တစ်မင် ရယ်ပြနေသူတစ်
ယောက်လိုရယ်သံတို့က ခြောက်ကပ်ကပ်....
ထိုင်နေရာကနေထထွက်ရင်း ပြတင်းပေါက်နား
သွားရပ်ဖို့ပြင်လိုက်တဲ့ကိုကို့ မျက်ဝန်းတွေဟာ ညိုး
နွမ်းလို့နေတယ်...
ကျွန်တော်ထင်လို့ပဲလား....

တိုးဝင်လာတဲ့လေအချို့က ကျွန်တော်တို့ကြားကအေး
စက်မှုကိုပိုလို့ အသက်ဝင်နေစေတယ်....
အတန်ကြာသည့်တိုင် ကျွန်တော်တို့ကြားကအေး
စက် မှုက မြန်မာနိုင်ငံရဲ့ ဆောင်းရာသီထက်ပင်
အဆတရာ ပိုလို့သာမည်ထင်သည်....

"ဟင်းးးးးးး"

ကျွန်တော်နားကြားမမှားဘူးဆို ကိုကို ချနေခဲ့တဲ့သက်ပြင်းတို့က အကြိမ်ကြိမ်....
ဘာကြောင့်များလဲ ကိုကို ရယ်....

"ကိုကို လွမ်း..."

အခန်းလေးထဲ ပြန်လို့တိတ်ဆိတ်သွားပြန်သည်..

"ချစ်ခြင်းက နာကျင်ရပါတယ်ကလေးရယ်"

"ဒါပေမဲ့.."

"နေကောင်းတာလဲမဟုတ်ဘူး ကလေးအိပ်လိုက်အုန်းနော်...."

ခပ်သွက်သွက် လှည့်ကြည့်လို့လာတဲ့ ကိုကို့မျက်ဝန်း
တို့ကနီဆွေးလို့နေသည်...နီရဲရဲနှာသီးထိပ်က တစ်စုံ
တစ်ရာကို ညွန်ပြလို့နေသည်....

ငိုနေခဲ့တာလား ကိုကိုကလေ..မဟုတ်လောက်ပါဘူး
ကျွန်တော်အကြည့်မှားတာဖြစ်ပါလိမ့်မယ်.....

အခန်းထဲကထွက်ခွာလို့သွားတဲ့ ကျောပြင်ကြားဟာ
နားမလည်ချင်းများစွာဖြင့် မျက်ကွင်းကပျောက်ကွယ်
လို့သွားခဲ့သည်....

Tbc.......

ခါတိုင်းထက်ရှည်နေပါတယ်နော်.....
ဘယ်အချိန်sweet မလဲဆိုတဲ့အမေးကတော့ဒီ author နဲ့လားလားမှမသက်ဆိုင်ဘူးရယ်....

အချစ်စစ်Where stories live. Discover now