Ep.6

5.5K 474 1
                                    

Chanyeol's POV,

အချိန်တွေကတဖြည်းဖြည်းပြောင်းလဲလာခဲ့ပြီ...အင်း.. Baek ဒီကိုရောက်တာ ၃လလောက်ရှိပြီပေါ့...ကျွန်တော်နဲ့သူနဲ့လည်း တော်တော်ရင်းနှီးလာကြတယ်...သူကကျွန်တော့်ကိုအရင်လို hyung လို့မခေါ်တော့ဘူး Yeol တဲ့ အဲ့လိုပြောင်းခေါ်တယ်လေ...hyung လို့မခေါ်ချင်လို့တဲ့...ကျွန်တော်အတွက်ကတော့ချစ်ရသူလေးအဆင်ပြေရင်ပြီးတာဘဲ...အခုလိုခေါ်တာပိုတောင် ကြိုက်သေးတယ်…

အချိန်တွေကြာလာတာနဲ့အမျှ သူ့အပေါ်ထားတဲ့ကျွန်တော့်အချစ်တွေကပိုလို့တောင်တိုးခဲ့သေးတယ်...ဒါပေမဲ့အခုချိန်ထိတော့ သူ့ကိုဖွင့်မပြောဖြစ်ခဲ့ဘူး.Arni ဖွင့်မပြောရဲတာဆိုပိုမှန်မယ်ထင်တယ်...ကျွန်တော့်ဘဝမှာအကြောက်ဆုံးက သူကျွန်တော့်နားကထွက်သွားမှာကိုဘဲ..
အဲ့တာကြောင့် ကျွန်တော်ဖွင့်မပြောခဲ့တာ သူလက်မခံမှာစိုးလို့…သူထားသွားမှာစိုးလို့ပါ...

အရင်တုန်းကသူ့ကိုအမြဲသံသယဝင်နေတဲ့ Sehun လည်းသူ့ရဲ့ချစ်စရာကောင်းတဲ့အမူအရာလေးတွေကြောင့်ရော...အနေကြာလာတာကြောင့်ပါ ယုံကြည်လာခဲ့တယ်လေ.... Baek ကမယုံကြည်စရာတစ်ကွက်မှမရှိတာဘဲ... တစ်နေ့တစ်နေ့သူ့ရဲ့ချစ်စရာကောင်းလွန်းတဲ့အမူအရာတွေကြောင့်လဲ ကျွန်တော့်မှာ အချစ်တွေပိုတိုးခဲ့ရတာ နှလုံးသားထဲမှာတောင်မဆံ့ဖြစ်နေပြီလေ...

Baekhyun's POV,

ကျွန်တော်ဒီကိုရောက်တာ ၃လတောင်ရှိပြီ အခုချိန်ထိသက်သေနဲ့တူတာဆိုလို့ ဘာတစ်ခုမှမတွေ့သေးဘူး...သူတို့ဘဲတော်တာလား ကျွန်တော်ဘဲညံ့တာလား မတွေးတတ်တော့ဘူး...

ကျွန်တော်နဲ့ Yeol နဲ့လည်းတော်တော်ကိုရင်းနှီးနေပါပြီ...
Yeol...ဟုတ်တယ် ကျွန်တော်သူ့ကို yeol လို့ပြောင်းခေါ်ခဲ့တာ ဘာလို့မှန်းမသိအဲ့ဒီ့ hyung ဆိုတာကြီးကိုကျွန်တော်မခေါ်ချင်ဘူး... ကျွန်တော်ကသူ့ဝေယျာဝေစ္စတွေလုပ်ပေးရမယ်လို့သာ ခေါင်းစဉ်တပ်ထားပေမဲ့ တကယ်တမ်းတော့ကျွန်တော့်ကိုဘာမှမခိုင်းဘူး သူကတောင်ကျွန်တော့်ကိစ္စတွေလိုက်လုပ်ပေးနေတာ... သူကကျွန်တော့်ကိုအရမ်းဂရုစိုက်တယ်... သာမန်ထက်ပိုတဲ့ဂရုစိုက်မှုတွေပေးတယ်... ကျွန်တော့်မျက်နှာဆို ဘယ်တော့မှအငြိုးမခံခဲ့သူပေါ့...
အနေကြာလာတော့ သူတို့တွေရဲ့စိတ်ဓာတ်လေးတွေကိုသိလာရတယ်...သူတို့ သုံးယောက်လုံးစိတ်ထားကောင်းလွန်းတယ် တစ်ခါတစ်လေဒီလိုအတွေးမျိုးတောင်ဝင်မိတယ်... Yeol ကလူသတ်သမားဆိုတာဖြစ်နိုင်ပါ့မလားလို့ပေါ့...သူ့လို စိတ်ထားကောင်းတဲ့သူမျိုးက သူများတွေကိုသတ်ပြီး သူများမိသားစုပြိုကွဲအောင်လုပ်တဲ့သူဖြစ်နိုင်ပါ့မလား... ကျွန်တော်တို့စုံစမ်းတာများမှားနေတာလား? ဒါပေမဲ့ Yeol လက်ခုံပေါ်ကအမာရွတ်က ကျွန်တော့်အတွက်တော့ သူလူသတ်တရားခံပါလို့အတိအလင်းဖော်ပြနေတယ်...

ဆုံမှတ်မရှိသောမျဉ်းပြိုင်နှစ်ခု(Complete)Where stories live. Discover now