Part-19

14.1K 932 67
                                    

#Tom & Jerry's Marriage👬

'Park...Chan...Yeol!!!!!'

အိမ်တအိမ်လုံးဖိန့်ဖိန့်တုန်နိုင်လောက်အောင် အောင်မြင်သောအသံနှင့် နာမည်အပြည့်အစုံအော်ခေါ်ခံလိုက်ရသောChanyeolတစ်ယောက် အိပ်မောကျနေရာမှ ငေါက်ခနဲထထိုင်မိသည်...

'Park...Chan...Yeol!!!!အခုမြန်မြန်ဆင်းလာခဲ့စမ်း...5secondsအတွင်းရောက်မလာရင် ခင်​ဗျားနဲ့ကျုပ်​ ကွာအရှင်းပဲသာမှတ်!!!...'

ထပ်ဆင့်ကာထွက်ပေါ်လာသော အသံကြောင့် အကျိုးအကြောင်းတောင်မစဉ်းစားအားဘဲ ကုတင်ပေါ်မှ အမြန်ပြေးဆင်းကာ... အသံလာရာအိမ်အောက်ထပ်ဆီ တဒုန်းဒုန်း တဒိုင်းဒိုင်းအသံမြည်သည်အထိ ပြေးဆင်းမိသည်......

ညကမှ သူ့ရင်ခွင်ကို ပေါက်ထွက်မတတ်ခေါင်းတိုးဝင်အိပ်စက်ခဲ့တဲ့သူက မနက်မိုးလင်းတာနဲ့ ချက်ချင်း ပြောင်းလဲနေခဲ့သော လေသံကြောင့် Chanyeolနားမလည်နိုင်သော်လည်း 5s ဆိုသောအချိန်က သူ့ကိုနားလည်အောင် ကြိုးစားရန်အခွင့်မပေးခဲ့ပါချေ...

အိမ်ချင်မူးတူးဆံပင်စုတ်ဖွားနှင့်ပင် အိမ်အောက်ပြေးဆင်းရင်း လှေကားမှ တဆင့် သူ့ရဲ့အခြေအနေကိုလှမ်းအကဲခတ်ကြည့်မိတော့ မီးဝင်းဝင်းတောက်လောက်သည့် ဒေါသမျက်လုံးများဖြင့် ခါးထောက်ကာ လှေကားကိုပင်မော့ကြည့်နေသောသူ...

'ဘာလုပ်နေတာလဲ မြန်မြန်ဆင်းခဲ့လေ...'

Chanyeolယောင်ရမ်းကာ ခေါင်းညိတ်ပြမိသည်လား ခေါင်းခါပြမိသည်လားတော့မသိ ခြေဖဝါးမှာတော့ အစုံလိုက် အောက်ထပ်ကြမ်းပြင်နှင့်ထိကပ်နေချေပီ...

'Baek...Waeyo???....'

မျက်ခုံးနှစ်ဖက်ကို တွန့်ချိုးကာ နီရဲနေသောမျက်လုံးအစုံဖြင့် မကျေမနပ်စိုက်ကြည့်နေသော သူ့မျက်ဝန်းတွေ...

'Baek...Baek ah~~'

'တန်... တန့်... ဒန်...'

ရုတ်တရက် ခါးထောက်မျက်မှောင်ကြုံ့ထားကာစိုက်ကြည့်နေရာမှ သူ့နံဘေးရှိ ပထမက Chanyeolသတိမထားမိခဲ့သော အဖြူရောင်အဝတ်အုပ်ထားသော အရာတခုကို ဆွဲလှပ်ပစ်လိုက်တော့ ထွက်ပေါ်လာသော စန္ဒရားတခု......

'Baek ဒါက~~'

'Pianoလေ...'

'Pianoမှန်းသိတယ်လေ ဘယ်ကနေ ဘယ်လို...'

Tom & Jerry's Marriage Where stories live. Discover now