#Tom & Jerry's Marriage👬
'Ya~~ Baekhyun ah~~ Ya!!!'
Samကအရှေ့တွင်စာသင်ရန်အသင့်အနေအထားရှိနေသော်လည်း ခုချိန်ထိနှိုးမရနိုင်သေးသောBaekhyun...
ခုံပေါ်မှောက်အိပ်နေတာမှ အပူအပင်ကိုကင်းလို့...
'Ya!!! Baekhyun ah~~'
သူ့လက်ကို အတင်းဆွဲကိုင်လှုပ်နှိုးလိုက်မှသာ အိပ်မှုန်စုံမွှားနှင့်ခေါင်းထောင်လာသည်...
အရှေ့မျက်စောင်းထိုးခုံမှ Chanyeolကလည်း မျက်စောင်းတထိုးထိုးနှင့်...သူ့ယောက်ျားကို စောစောစီးစီးတည်းက မနှိုးဘူးဟု အပြစ်တင်ချင်နေသည်ပုံ ...
'ဟာ...ကွာ...'
သူ့ကျောပိုးအိတ်ထဲ ခေါင်းနှစ်ကာတောင်ရှာမြောက်ရှာလုပ်ပီးမှ ခေါင်းကုတ်ရင်းထညည်းလာတာကြောင့်...
'Wae???'
'Text Bookပါမလာခဲ့ဘူး...'
မျက်နှာလေးရှုံ့မဲ့ကာခပ်တိုးတိုးပြောလာသော Baekhyunကို Kyungsooစိတ်ပျက်နေသလိုသာကြည့်ပေးလိုက်သည်...
အမြဲတမ်းသူဖြစ်လိုက်ရင်အရာရာနဲ့အကြောင်းကြောင်းတွေချည်းသာလေ...
'ဒုက္ခပဲ ငါဒဏ်ပေးခံရတော့မယ်နဲ့တူတယ်...'
'Kyungsooနဲ့ Baekhyun~~စကားများလို့ပီးပီလား...'
'Nae...'
Samလှမ်းအမေးကို Kyungsooက Naeတလုံးတည်းသာအဆုံးသတ်လိုက်ပေမယ့် Baekhyunမတ်တပ်ထရပ်လိုက်သည်...
'ဘာပြောမလို့လဲ Byun Baekhyun...'
'ဟွာလေ...ကျနော် Text Bookမပါလာခဲ့လို့...အဲ့ဒါ...'
'Aww...ဒါလေးများ...Kyungsooနဲ့တွဲကြည့်လိုက်လေ ...ညနေကျရင်တော့ မင်းသူငယ်ချင်းဟောင်းလေးတွေကိုကျောင်းဝန်းထဲမှာလိုက်နှုတ်ဆက်လိုက်နော်...'
'Nae...'
Baekမျက်နှာကို စူပုပ်ထားရင်းခြေပစ်လက်ပစ်ပြန်ထိုင်လိုက်သည်...
စာအုပ်လေးတအုပ်ကျန်ခဲ့တာကို ကျောင်းဝန်းတခုလုံးအမှိုက်လိုက်ကောက်ရမယ်ဆိုတော့ကား...
'တရားကြရဲ့လား...ဟင်...တရားကြရဲ့လားလို့...အဟင့်...'
'အိမ်သာသန့်ရှင်းရေးမလုပ်ခိုင်းတာပဲ ကျေးဇူးတင်လိုက်ပါကွာ...'
YOU ARE READING
Tom & Jerry's Marriage
Fanfictionမိဘတေအတင်းပေးစားမှုကြောင့် မတည့်ကြတော့တဲ့ Chanyeolနဲ့Baekhyun ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်Playboy Park Chan Yeolနဲ့ ခလေးစိတ်မကုန်သေးဘဲ ရပ်ကွက်ထဲလှည့်ဆော့နေတတ်တဲ့ Byun Baekhyunတို့ ရုတ်တရက်မိဘများမှ ပေးစားကြသောအခါ... Tom...