Part-7

15.4K 1.1K 69
                                    

#Tom & Jerry's Marriage👬

Chanyeol​ကျောင်းသွားရန်​ ​ရေမိုးချိုးပြင်​ဆင်​ပီးသည်​နှင့်​ ​အောက်​ထပ်သို့​ဆင်းလာခဲ့သည်....

'Baekhyun!! Byun Baek Hyun!!!'

Chanyeolအသံကို အစွမ်းကုန်​မြှင့်​၍​အော်​​ခေါ်​နေ​သော်​လည်း အိမ်​တခုလုံးမှာမူ တိတ်​ဆိတ်​မှုအတိ....

Chanyeolနိုးတည်းက ရှာမ​တွေ့ဖြစ်​​နေတာ ​တော်​​တော်​ထူးဆန်းလှသည်​...Baekhyunလားအ​စောကြီးထမှာ....

သို့​သော်​လည်း Baekhyunအိပ်​ရာကအ​စောကြီးထသွားခဲ့လို့သာ သူရှာမ​တွေ့ရခြင်းမဟုတ်​လား ....

'ဒီ​နေ့မဖြစ်​မ​နေ ​ကျောင်းတက်​ရပါမယ်​ဆို ဒီ​လောက်​ဆရာကိုင်​ပီးခြိမ်း​ခြောက်​ထားတာ​တောင်​ ဘယ်​​ချောင်​သွားအိပ်​​နေလဲမသိဘူး'

Chanyeolထမင်းစားခန်း​ရှေ့ ဖြတ်​​အ​လျှောက်​တွင်​...

'အကို​လေးPark မနက်​စာ'

ထမင်းစားခန်းထဲတွင်​ပြင်​ဆင်​​နေရာမှ လှမ်း​မေး​သောArrjima....

'​ကျောင်း​ရောက်​မှ စား​တော့မယ်​Arrjima~~ဒါနဲ့Baekhyunတစ်​​ယောက်​​တွေ့မိ​သေးလား'

'Arrjimaဒီမှာ ရှိ​နေတုန်းBaekhyun​လေးဆင်းလာတာမ​တွေ့မိဘူး အကို​လေး'

Chanyeolစိတ်​ရှုပ်​စွာနှင့်​ ​ခေါင်းတချက်​ဆွဲဖွလိုက်​ရင်း...​ကျောင်းသွားရန်​ သူ၏ကားဆီလှမ်းလာခဲ့လိုက်​​တော့သည်​...

Chanyeolကားတံခါးဖွင့်​ကာ ဝင်​ထိုင်​လိုက်​ပီး...

'မဖြစ်​​သေးပါဘူး ph​ခေါ်ကြည့်​ဦးမှပါ ​သူ​ကျောင်းမတက်​တာအ​ကြောင်းမဟုတ်​ဘူး..... ငါ့ကိုဆရာသက်​သက်​အထင်​လွဲဦးမယ်​.... တော်​​တော်​ဂြိုလ်​​မွှေတဲ့ဟာ​လေး...'

'တူ...'

Phဝင်​သွားသည်​နှင့်​ချက်​ချင်း နားထဲတွင်​ K.pop musicသီချင်းအမျိုးအစားတပုဒ်​ကိုကြားလိုက်​ရသည်​....

'ဟင်​....ဒီသီချင်းသံက...'

သီချင်းသံမှာ ကား​နောက်​ခန်းထဲမှ ကြား​နေရခြင်း​ကြောင့်​ Chanyeolကား​နောက်​ခန်းသို့ချက်​ချင်းလှည့်​ကြည့်​ရာတွင်​.....

Tom & Jerry's Marriage Where stories live. Discover now