#Tom & Jerry's Marriage👬
Chanyeolမျက်လုံးမဖွင့်မှီ နှာခေါင်းထဲတိုးဝင်လာသော စတော်ဘယ်ရီနံ့သင်းသင်းလေးကြောင့် ကျေနပ်အားရစွာပြုံးလိုက်ရင်း.... သူ့ကိုကျောပေးအိပ်နေသော ကောင်လေးသေးသေးလေးကို ရင်ခွင်ထဲသို့ဆွဲယူကာ ပွေ့ဖက်ထားရင်း... သူ့ခေါင်းလေးထဲနှာခေါင်းလေးကိုနှစ်ကာ ရနံ့ကို ခပ်ပြင်းပြင်းရှူရှိုက်နေမိသည်...
စောင်ခြုံထားသည့်ကြားမှ အောက်အနည်းငယ်လျှောကျနေသောကြောင့် ပေါ်နေသော ပုခုံးသားဖြူဖြူလေးကို ဖိနမ်းရင်း သွားနှင့်အသာကြိတ်ကိုက်လိုက်မိတော့...
ရင်ခွင်ထဲက ပိစိက အင်း...အဲ အသံပြုရင်း လှိမ့်ကာ Chanyeolရင်ခွင်ကို မျက်နှာအပ်လာသည်...
Chanyeol အိပ်ပျော်နေဆဲဖြစ်သော သူ့ယောက်ျားမေးလေးကို လက်နှင့်အသာဆွဲမော့ရင်း နံနက်ခင်းအနမ်းလေးကို စွန့်ကြဲလိုက်မိသည်...
ဖိလိုက်ခွာလိုက် စုပ်ယူလိုက်နှင့် သူ့စိတ်ကြိုက်ပြုမူနေသော်လည်း အသက်ရှူသံလေးတချက်တောင်မမှားယွင်းတဲ့ပိစိ ...
'အိပ်ပုပ်လေး...'
Chanyeolတိုးတိုးရေရွတ်လိုက်တော့ Chanyeolရင်ခွင်ထဲကိုပိုးတိုးဝင်လာသောပိစိ......
ခုချိန်ထိနိုးသေးပုံမပေါ်...
ညက သူတော်တော်ပင်ပန်းသွားခဲ့ပုံရသည်...
Chanyeolလည်း လုပ်ကောင်းကောင်းနဲ့ စွတ်ဆက်ပီးလုပ်ထလိုက်တာ မနက်၃နာရီလောက်မှသာ ရပ်တန့်ခဲ့ကြသည်မှတ်လား...ညက နှစ်ဦးသားကြည်နူးခဲ့ကြသည့်ပုံရိပ်လေးတွေက တစတစအာရုံထဲနေရာယူလာချိန်မှာတော့ Chanyeol သူ့ရင်ခွင်ထဲကနှစ်ခြိုက်စွာအိပ်ပျော်နေဆဲဖြစ်သော ပိစိနှုတ်ခမ်းဖူးဖူးလေးကို အတင်းရန်ရှာမိတော့သည်...
ညကသူကိုယ်တိုင်ထွင်းထုထားခဲ့သော အမှတ်တံဆိပ်လေးများအပေါ် ဆင့်ကဲ တံဆိပ်ခတ်နှိပ်ချိန်မှာတော့...
'အ...Yeol ah~~မနက်စောစောစီးစီးဘယ်လိုဖြစ်နေတာလဲ...သူများအိပ်ချင်ယောင်ဆောင်နေလို့မျတော့ဘူး...'
'Borr?? အိပ်ချင်ယောင်ဆောင်နေတာ??'
'ဟုတ်တယ်လေ...ခင်ဗျားကြီးသေမလို သူများနှုတ်ခမ်းကို အကြာကြီးနမ်းနေမှတော့ မနိုးဘဲနေမလား...ဒါမဲ့ အိပ်ချင်နေသေးလို့ကို...'
YOU ARE READING
Tom & Jerry's Marriage
Fanfictionမိဘတေအတင်းပေးစားမှုကြောင့် မတည့်ကြတော့တဲ့ Chanyeolနဲ့Baekhyun ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်Playboy Park Chan Yeolနဲ့ ခလေးစိတ်မကုန်သေးဘဲ ရပ်ကွက်ထဲလှည့်ဆော့နေတတ်တဲ့ Byun Baekhyunတို့ ရုတ်တရက်မိဘများမှ ပေးစားကြသောအခါ... Tom...