Part-11

14.4K 1.2K 65
                                    

#Tom & Jerry's Marriage👬

'ငါမင်းကို ချစ်​မိ​နေပီထင်​တယ်​Baekhyun'

'ဖူး<<<'

သူ့အ​ရှေ့တွင်​ပြင်​ဆင်​​ပေးထား​သော အ​ရောင်​စုံ ဟင်းပွဲများကြားတွင်​ အဖြူ​ရောင်​ထမင်းစိ​လေးများမှာ ဟိုတ​စေ့ဒီတ​စေ့....

ပိစိမထင်​မှတ်​ထားသည်​ကိုကြားလိုက်​ရ၍ အ​တော်​အံ့သြသွားခဲ့သည့်​ပုံ...စား​နေတာ​တောင်​ပြန်​ထွက်​တယ်​ဆို​တော့...

သူတဖြည်းဖြည်းနဲ့ကျ​နော့်​မျက်​နှာရှိရာကို​မော့ကြည့်​လာတယ်​ မျက်​လုံး​လေးတေအဝိုင်းသားနဲ့... ပါးစပ်​မှာလည်း ထမင်းလုံး​စေ့​လေး​တေ​ပေပွလို့...

ပီး​နောက်​....

'ဟား ဟား ဟား ဟား ဟား!!!'

ရုပ်​ကို​သေချာလာစိုက်​ကြည့်​ပီး ​အော်​ရယ်​​နေတာမှအကြီးအကျယ်​...
ဖွင့်​​ပြောလိုက်​တဲ့ကျ​နော်​​တောင်​feelငုပ်​သွားတဲ့အပြင်​ မျက်​နှာ​ပေါ်သို့ အလုအယက်​​ပြေးကပ်​လာ​သော ထမင်း​စေ့တချို့....

'ဟား ဟား ဟား ဟား'

ကျ​နော်​မျက်​​မှောင်​ကြုံ့ကြည့်​လိုက်​ရင်း...

'ငါ​မင်းကိုဟာသနဲ့များ မှား​ပြောမိလိုက်​တာလား...ဒါမှမဟုတ်​ မင်းပဲနားကြားမှားသွားတာလား'

သူရယ်​​နေရင်းမှ ​ခေါင်း​လေးကိုခါပြသည်​...

'မဟုတ်​ပါဘူး...မင်း​စော​စောကဘာ​ပြောလိုက်​တာ???'

သူမကြားလိုက်​တာ​တော့ဘယ်​လိုနည်းနဲ့မှမဖြစ်​နိုင်​.ဒီလောက်အနီးကပ်ပီးပြောတာကို..အတည်​ပြုချင်လို့ထပ်​​မေး​နေသည့်​ပုံ...

Chanyeolသူ့​ဘေးနားသို့နီးကပ်​​နေ​အောင်​ ခုံကိုဆွဲယူထိုင်​လိုက်​ရင်း...

'မင်းကိုချစ်​​နေပီထင်​တယ်​လို့'

'မဖြစ်​နိုင်​တာ'

Chanyeolမျက်​နှာတည့်​တည့်​ကိုပင်​ စိုက်​ကြည့်​ရင်းမှထွက်​​ပေါ်လာခဲ့​သောBaekhyunဆီမှတုန့်ပြန်သံ....
မဖြစ်နိုင်ဘူးတဲ့လား......

'ဘယ်​လိုမှမဖြစ်​နိုင်​ဘူးChanyeol ...အဲ့ဒါမင်းကိုယ်​မင်းသက်​သက်​အထင်​လွဲ​နေတာ... တခုခုကိုရင်​တုန်​သွားတာမျိုးကိုမင်းရန်​ခုန်​သံလို့ထင်​လိုက်​မိပုံပဲ မင်းငါ့ကိုချစ်​တယ်​ဆိုတာငါ​တော့မယုံဘူး'

Tom & Jerry's Marriage Where stories live. Discover now