~ My Sacrificial ~

4.1K 472 56
                                    

💕

​ဆောင်း၏ ည​နေခင်းမှာ​အေးစက်​နေ​သော​ရေပန်း​အောက်​ထိုင်​နေ​သော်​လဲ SeHun မှာ မ​အေးချမ်းနိုင်​။

တစ်​ယောက်​သောသူ၏ ခပ်​ချိုချို နှုတ်​ခမ်းဖျားမှ​သေရာပါမည့်​စကားတို့ကိုသာ ပြန်​လည်​ကြား​ယောင်​နေဆဲ ~~~

|| မင်း​စကား​တွေ ပြန်​ရုပ်​သိမ်း​ပေးပါ ~
ငါ့ရဲ့ ခင်​မင်​ရင်းနှီးမှုကို မင်း အလွဲသုံးစားလုပ်​ခဲ့တယ်​||

​သြော်​...​ပြောရက်​လိုက်​တာ
အလွဲသုံးစားလုပ်​တယ်​တဲ့

ဒါဆို ကျွန်​တော့်​အချစ်​တွေက​ရော . . .
ခင်​ဗျား လှည့်​မကြည့််ခဲ့တဲ့ ကျွန်​တော့်​တည်​ရှိမှုက​ရော ..!!??

မိဘ​တွေ ရှိစဉ်​ကတည်းက သူဟာ
ရှုံးနိမ့်​ခြင်း​နဲ့ အ​ဖော်ပြု​ခဲ့​ရပေမယ့်​
အခုထိ အလွယ်​တကူ လက်​မခံနိုင်​သေး ။

သူ၏ ခင်​တွယ်​ခြင်းကို ကျွန်​တော်​အလွဲသုံးစား လုပ်​ခဲ့သည်​ဆိုပါလျှင်​
ချခင်း​ပေးထားသည့်​အပယ်​ခံနှလုံးသားကို
သူ ထပ်​မံ ပစ်​ပယ်​ခဲ့သည်​ကို
မည်​ကဲ့သို့​အ​ကြောင်းပြချက်​ပေးမည်​နည်း။

အလွဲသုံးစား လုပ်​တာမှ ခံသာပါ​သေးသည်​ဆိုတာ သူ့ကို သိ​စေချင်​သည်​။
ချစ်​ရသူထံ ပထမဆုံး ဖွင့်​ဟဝင်​ခံခြင်းသည်
​လွန်​စွာ ရှက်​ရွံ့ဖွယ်​ကောင်းရုံမှတပါး
သူ့အ​တွေးထဲ​ခဏ​လေး​တောင်​
ကိုယ်​ဝင်​ရောက်​နေထိုင်​နိုင်​ခြင်း မရှိခဲ့။

//သိရဲ့သားနဲ့​မျှော်​ကိုး​နေတာ မင်းအမှားပဲ​လေ//

ဤနှယ်​ခနဲ့မည့်​
ခပ်​ညံ့ညံ့​ဗေဒင်​ဆရာတ​ယောက်​၏ အိုက်​တင်​မျိုးဖြင့်​
သူ့ကိုယ်​သူ ဟားတိုက်​ပစ်​လိုက်​ချင်​သည်​။
ဝမ်းနည်း​ငွေ့တချို့ လွင့်​စင်​သွားတန်​ကောင်းပါရဲ့။

#

#

#

#

#

^ ဟန်​လေး​ရေ . . ကိုယ်​ပြန်​လာပြီ ^

My Love,My Angel,My Heart [HanYeol] Where stories live. Discover now