~ My Lost ~

4.6K 470 12
                                    

♡ My Love

My Angel

My Heart ♡

ချန်း​ယော​ရှေ့မှာ အဝတ်​တစုံပြီးတစ်​စုံ လဲပြကာ လှလားလို့ လာ လာ​မေး​နေတဲ့ ဟန်​လေးကို ချန်း​ယော တခုခု လုပ်​ပစ်​ချင်​နေပြီ

~​တော်​ရုံပဲ​ချောပါ က​လေးရယ်​~ ကိုယ်​မင်းကို အပြင်​ထွက်​ခွင့်​မ​ပေးချင်​အောင်​မလုပ်​စမ်းပါနဲ့ကွာ

" ချန်း​ယော အစုတ်​ပလုတ်​ကြီး !! လှလားလို့?​မေး​နေတယ်​လေ "

အဲဗျာ ...​မျက်​စိစုံမှိတ်​ကာ​အော်​ပြီ...။ ဟုတ်​ကဲ့ပါ ကျ​နော်​ခင်​ဗျား​လေးရဲ့ အလှမှာ နစ်​မွန်းသွားလို့ပါခင်​ဗျာ >•<

" လှတယ်​.. လှတယ်​! တကယ်​ပဲ လူကို လာလာဆွ​နေတယ်​.. ကိုယ့်​ကို အိမ်​မှာ တစ်​ယောက်​ထဲထားခဲ့ရမှာ အဲ့​လောက်​တောင်​ကြိုက်​လား? "

" ကြိုက်​တယ်​"

မျက်​လုံးပြူးကာ အံ့အားသင့်​လို့သွားတဲ့ ချန်း​ယော နဖူး​ပေါ် ထိ​တွေ့လာတဲ့ နှုတ်​ခမ်းရဲရဲလေး ....။ သူပါ အလိုလို ပြုံးမိလျက်သား​။ ရပြီ ... ဒီ​လောက်​ဆို လုံ​လောက်​ပြီ။ စကား​လုံးများစွာ ခြံရံထားစရာ မလိုပါ။ ချစ်​သူရဲ့ အပြုအမူ​လေး တခုချင်းစီတိုင်းကကို​ကိုယ့်အတွက်​ချော့မြှူ နှစ်​သိမ့်​ဖွယ်​ဖြစ်​နေတာမို့ ။

အစိမ်းနု​ရောင်​စပို့ရှပ်​လေးရယ်​ဘောင်းဘီအတို အဖြူ​လေးရယ်နှင့်ပင်​ချောချင်​တိုင်း​ချော​နေ​သော​ကောင်​က​လေးက သူလို ဝရမ်း​ပြေးတစ်​ယောက်​ကို ဒူး​ထောက်​ဦးညွှတ်​စေခဲ့သည်​တဲ့​လေ။ ချန်း​ယော အဘိဓာန်​မှာ သည်​လို ဖြစ်​လာလိမ့်​မယ်​လုိ့ ဘယ်​လိုလုပ်​ထင်​ရက်​စရာ ရှိမလဲ?

ကိုယ့်​ရဲ့ ကြယ်စင်​လေး ~ ခမ်းနားမှုမရှိတဲ့ ကိုယ့်​အချစ်​ကို မငြင်းဆန်​ခဲ့​လို့​ကျေးဇူး ~

လက်​ဖျား​လေးကို လှမ်းဆွဲကာ ဆိုဖာ​ပေါ် ထိုင်​ခိုင်းလိုက်​တယ်​။ ကိုယ်​တော်​လေး​ရှေ့ ဒူး​ထောက်​ပြီး ဖိနပ်​ကြိုးချည်​ပေး​နေ​တော့ မျက်​နှာ​လေးကို ပြုံးလို့ ..... သူ့ဆံပင်​ကို​တောင်​လှမ်းဖွ​နေ​သေးသည်​။ ~​အ​ကောင်​စုတ်​လေး !! လူကြီးကို ^•^

My Love,My Angel,My Heart [HanYeol] Where stories live. Discover now