အပိုင်း(၂)

Start from the beginning
                                    

လွှမ်းထွက်ခွာသွားတဲ့ကားလေးကိုအချိန်အကြာ
ကြီးရပ်ကြည့်နေမိတယ်....

ရဲမခကားမှန်လေးကနေနောက်ကိုပြန်ကြည့်မိတော့
ကားလေးကိုငေးရင်းရပ်နေသေးတဲ့လွှမ်းကိုကြည့်
ရင်းသက်ပြင်းတစ်ချက်ကိုခပ်ရှည်ရှည်ဆွဲချရင်းခေါင်းခါရမ်းလိုက်မိတယ်....

ဒီနေ့တော့ဒီကလေးလေးသူ့စာသင်ခန်းကိုမလာလောက်ဘူးထင်ပါရဲ့....

****************----------**************

လွှမ်းအခုဆို ကိုကို့ ပန်းချီဆွဲခန်းရှေ့ဖြတ်လျောက်နေခဲ့တာနေ့လည်ထဲက
ဆိုအနဲဆုံ3း/4နာရီလောက်တော့ရှိပြီဖေဖေနဲ့မေမေမရှိတုန်းကိုကို နဲ့လွတ်လွတ်လပ်လပ်ပြောချင်လို့ကျောင်းတောင်
ဒီနေ့မတက်ပဲနေခဲ့တာ ဒါပေမဲ့ ကိုကို ကတော့
မနက်စာစားပြီးထဲကဒီအခန်းထဲဝင်သွားတာအရိပ်အယောင်တောင်မတွေ့ရတော့
ကိုကို လွှမ်းကိုအဲ့လောက်တောင်မတွေ့ချင်ဘူးတဲ့လား
တံခါးထံရောက်ရှိတော့မဲ့ကျွန်တော့်လက်တွေအိမ်
ရှေ့ကလူခေါ်ဘဲလ်သံကြောင့်ရပ်တန့်သွားခဲ့တယ်

"ကိုရဲ ရှိလားကလေး"

အိမ်ထဲဝင်လာရင်းမေးလာတဲ့သူမကိုလွှမ်းခေါင်းညိမ့်
ပြရင်းခဏထိုင်စောင့်ဖို့ပြောကာ ကိုကို့ ထံသို့သာ
လွှမ်းလာခဲ့လိုက်တယ် ဘယ်သူပါလိမ့်ပုံစံကြည့်ရတာတော့ ကိုကို နဲ့ရွယ်တူလောက်တော့ရှိမယ်ထင်တယ်သို့ပေမဲ့
လွှမ်းသူမကိုတစ်ခါမှမမြင်ဘူး....
ခါးတစ်ဝက်လောက်ရှိတဲ့အညိုရောင်ဆံပင်လေးကို
ခပ်မြင့်မြင့်စီးထားပြီးကိုယ်ကျပ်အင်္ကျီနက်ပြာနဲ့ထဘီပန်းနုရောင်လေးကိုပနံသင့်စွာဝတ်ဆင်ထားတဲ့
သူမရဲ့ပါးထက်မှာမရယ်မပြုံးပဲနဲ့တောင်စကားပြော
တိုင်းပေါ်လာတက်တဲ့ပါးချိုင့်လေးတစ်ခု

ဒေါက်....ဒေါက်

"ကိုကို ဧည့်သည်ရောက်နေတယ်"

တံခါးကိုတစ်ကိုယ်စာဟတယ်ဆိုရုံလောက်သာ
ဖွင့်ရင်း ကိုကို ထွက်လာတယ် ကိုကို ဘာကြောင့်အိမ်သားတွေကိုသူ့အခန်းထဲကိုပေးမ၀င်
ရတာလဲ

"ကို....အလုပ်တွေရှုပ်နေတာလား"

အချိုသာဆုံးသူမနှုတ်ကထွက်လာတဲ့အခေါ်အဝေါ်
က ကို တဲ့
သူမ ကိုကိုနဲ့ဘယ်လိုပတ်သက်နေတာလဲ ?

အချစ်စစ်Where stories live. Discover now