017

1.5K 111 0
                                    

Baekhyun တစ်ယောက် အမှောင်ခန်းထဲဝင်သွားပြီး ထမင်းသွားကျွေးတော့ Luhan တစ်ယောက် ဖျော့တော့တော့နဲ့ တစ်ကိုယ်လုံးလဲ သွေးတွေချည်းဘဲ။
Baekhyun က သက်ပြင်းချပြီး တိုးတိုးလေးပြောလိုက်သည်။ " မင်းဒီလိုဖြစ်နေတာ ဘယ်သူမှ မသိဘူးလား?? လာကယ်မဲ့သူမရှိဘူးလား??"
Luhan က မျက်လုံးတောင် မဖွင့်နိုင်။ တုန်တုန်ရီရီနဲ့ ပါးစပ်ကလဲ " yifan... yifan..." ဆိုပြီး တစ်ဖွဖွနဲ့။

Baekhyun အခန်းထဲကနေ မျက်နှာငယ်လေးနဲ့ ပြန်ထွက်လာသည်။
" ဒီနေ့လဲ မစားပြန်ဘူး သူဘယ်သူလဲဟင်.."

Jiyeon ကမျက်စောင်းထိုးပြီး " ကိုယ့်အလုပ်ကိုသာလုပ် လျှာမရှည်နဲ့.. "

Baekhyun က ဘာမှပြန်မပြောဘဲ အိမ်ကြီးထဲကနေထွက်လာခဲ့သည်။
အတွေးနဲ့လမ်းလျှောက်လာလိုက်တာ ပန်းခြံနားအရောက် သူ့ရည်းစားဟောင်း Chanyeol နဲ့သွားတိုးတယ်။
မြင်မြင်ချင်း ထွက်ပြေးဖို့ကြိုးစားရာမှ Chanyeol က အမြန် Baekhyun လက်ကိုဆွဲထားလိုက်တယ်။
" Baek?? ဘယ်ကပြန်လာတာလဲ?? "

Baekhyun ကဘာမှမပြော။
" ဒီဘက်လှည့်ပါဦး။ ကိုယ့်ကို စကားပြောပါဦး.."

Baekhyun က တစ်ဖြည်းဖြည်းလှည့်ပြီး Chanyeol ကိုကြည့်လိုက်သည်။
Chanyeol က Baekhyun ရဲ့ပါးပြင်လေးကို ဖွဖွလေးကိုင်ပြီး " ပိန်သွားလိုက်တာ Baek ရယ်... ခု ဘယ်မှာနေနေတာလဲ?? အချိန်မှန်မှန်ရော စားရဲ့လား??"

Chanyeol ကပြောပြောပြီးချင်း Baekhyun ကိုပွေ့ဖက်ထားလိုက်သည်။
" ကိုယ်နဲ့အတူ ပြန်လာနေပါတော့ Baek ရယ်  စိတ်မဆိုးပါနဲ့တော့ကွာ။ ကိုယ့်စီမှာ Baek တစ်ယောက်ဘဲရှိတာကို သိရဲ့သားနဲ့ နော်??"


---

The next day::

bell တီးတော့ ဘာသံမှ မကြား။ ဖွင့်ကြည့်တော့လဲ ပွင့်သွားသည်။
" Kris??" Chanyeol ကြောင်တောင်တောင်နဲ့ ဝင်သွားသည်။

အထဲရောက်တော့ အိမ်ကြီးက မှောင်မှဲပြီး Kris တို့တစ်ယောက် အရက်ပုလင်း အလယ်မှာ။

" Ohmygod!! Kris!! ကုမ္ပဏီလဲမသွားဖူးဆို မင်းဘာဖြစ်နေတာလဲ ဒီပုံစံကဘာကြီးတုန်း??"

ပြောပြောဆိုဆို Kris က ပုလင်းကိုမော့ပြီး ရီလိုက်သည်။ " မင်း ဘာမှ မသိသေးပါဘူးကွာ။ ငါ့ကို သစ္စာဖောက်သွားကြတယ်ကွ။ ငါ အရမ်းခင်တဲ့..." Kris ကသူ့ရင်ဘတ်ကို ထုပြီးဆက်ပြောသည်။ " ငါအရမ်းခင်တဲ့ Suho ရော အရမ်းချစ်ရတဲ့ Luhan ရော ငါ့ကို... ငါ့ကို..."

I NEED YOU ( ကို့ဘဝမှာမင်းကိုလိုအပ်တယ် ) Myanmar VersionWhere stories live. Discover now