ပြီးတော့ သူမဟာ ကိုယ့်ဘာကိုယ် မိန်းကလေးဆိုတာ သိရဲ့လားတောင် မသိဘူး... သူမ သူငယ်ချင်း ShinAh ဆီမှာစကား သွားပြောနေပြီဆိုရင် ခြေနှစ်ချောင်း တွဲလောင်းချပြီး စားပွဲပေါ်တက်ထိုင်နေတာ ချည်းပဲတွေ့ရတယ်...

(ရပ်ပြီးပြောလေ... ရပ်မပြောချင်လည်း ထိုင်ခုံတွေ ပေါမှပေါ... ယူထိုင်ပါလား... ကဲ...) သူစိတ်ထဲမှာ အမြဲ ပြောမိတယ်... သူမရဲ့ အပြုအမူတိုင်းဟာ Yoongi သူ့ကိုယ်သူ မှန်ထဲ ပြန်ကြည့်နေရသလား မှတ်ရတယ်...

~~~~~~~~~~

မိုးဖွဲဖွဲလေး ရွာနေတဲ့ တစ်နေ့ အလုပ်ကိုလာတဲ့ လမ်းမှာ Yoongi လမ်းတစ်ဖက်ကနေ hoodie ကြီးဆောင်းပြီး headphone ကြီးတပ်လို့ ငိုက်စိုက် ငိုက်စိုက် လမ်းလျှောက်လာတဲ့ Haneul ကို လှမ်းတွေ့တယ်...

(ဒီတစ်ယောက်ကတော့ မိုးရွာနေတာကို ထီးလည်းမဆောင်းဘူး... ဘယ်လိုဟာလေးလဲ မသိဘူး...) ဆို Yoongi တွေးမိတယ်...

နောက်တော့မှ သူပြန်ကြည့်မိတာ သူလည်း ဘာထူးလဲ ထီးထုတ်ရမှာ ပျင်းလို့ hoodie ကြီးဝတ်ထားတာပဲကို... (ဒါပေမယ့် သူက မိန်ကလေးလေ...) သူ့ အတွေးထဲမှာသူ အဒွန့်တက်လိုက်သေးတယ်...

~~~~~~~~~~

နောက်တစ်နေ့ အလုပ်က အပြန် မိုးရွာတော့လည်း Haneul ကိုတွေ့ပြန်ပြီ... ဒီတစ်ခေါက်က အပျင်းထူတဲ့Yoongi တောင် ထီးထုတ်ဆောင်းရတဲ့ အခြေအနေ... ဒါကို Haneul က မိုးရေထဲ အနွေးထည်ခြုံပြီး ခပ်သွက်သွက်လျှောက်နေတယ်...

(aishhh... ဒီကောင်မလေးတော့ အအေးမိပြီး သေကုန်တော့မှာပဲ... ဒီလောက်မိုးရွာနေတာတောင် ထီးမဆောင်းသေးဘူး...) Yoongi စိတ်တိုတိုနဲ့ သူ့ဘာသူ ရေရွတ်လိုက်မိတယ်...

(မဖြစ်သေးပါဘူးလေ...) ဆိုပြီး သူမကို ထီးလိုက်ဆောင်းပေးဖို့ သူမနောက်ကို အမှီလေးလိုက်လာခဲ့တယ်... အဲ့ဒါကို ဘယ်ကနေ ဘယ်လိုပေါ်လာမှန်း မသိတဲ့ Jung Hoseok က သူ့ရှေ့ကနေဦးပြီး Haneul ကိုထီးသွားဆောင်းပေးလိုက်တယ်...

Yoongi တစ်ယောက် စိတ်ထဲမှာ ဟာခနဲ အားမလိုအားမရ ဖြစ်သွားတယ်... သူတော်တော်လေး နီးနေပြီကိုး... ဒါနဲ့ပဲ သူတို့ နှစ်ယောက်နောက်ကနေ ဆက်လိုက်လာတော့ သူတို့ စကားပြောနေတာတွေ ကြားရတယ်... Haneul က ဒီတစ်ခေါက်က ထီးမေ့ခဲ့တာတဲ့...

The First Dance [Completed]Where stories live. Discover now