[Unicode]
တစ်နေ့ ShinAh နဲ့ Haneul တို့ နှစ်ယောက် Hoseok အကြောင်း ပြောဖြစ်ကြတယ်...
ShinAh: "ဟဲ့ သိလား... ဟိုနေ့က Hoseok က ငါ့ကို ရုပ်ရှင် အတူတူ သွားကြည့်ဖို့ ခေါ်နေတယ်... အဲ့ဒါ ငါ ဘယ်လို ပြန်ပြောရမလဲ?"
Haneul: "မိန်းမရယ်... စွံချက်!!! Jungkook က dinner ခေါ်လိုက်... Hoseok က ရုပ်ရှင်ကြည့်ဖို့ ခေါ်လိုက်နဲ့... နင်လည်း တော်တော် ရွေးရခက်နေ ဦးမယ်... လောဘတွေ ကြီးပြီး... ဟွန့်..."
ShinAh: "ငါတကယ်က ဘယ်သူ့ကြိုက်လဲ နင်သိပါတယ်... ဒါပေမယ့် Jungkook ကိုပဲ စောင့်နေလို့ကတော့ အပျိုကြီး ဖြစ်မှာပဲ..."
Haneul: "အဲ့တော့ conclusion က Hoseok နဲ့ ရုပ်ရှင်သွားကြည့်မယ်ပေါ့..."
ShinAh: "အင်း... သွားရင် ကောင်းမလားလို့... ဒါပေမယ့် ငါသူ့ကို စိတ်မဝင်စားပဲ သွားရင် မျှော်လင့်ချက်တွေပေးရာ ကျနေမလား?"
Haneul: "ဒါပေါ့ဟ... နင် သူ့ကို လက်မခံနိုင်ပဲ date သွားသလို ဖြစ်နေမှာပေါ့... ငြင်းလိုက်ပါလား?"
ShinAh: "မငြင်းရက်ဘူး... အားနာတယ်..."
Haneul: "ဒါဆို date လည်းမဖြစ်အောင် ငြင်းစရာလည်း မလိုတော့အောင် single သူငယ်ချင်း တစ်ယောက်ယောက် ခေါ်သွားလေ... နင်သူနဲ့လည်း မိတ်ဆက် ပေးလို့ရတာပေါ့..."
ShinAh: " အေးအေး... အဲ့အကြံ မဆိုးဘူး... အိုခေ!! အဲ့လို လုပ်လိုက်မယ်..."
ဒီလိုနဲ့ပဲ ShinAh တစ်ယောက် သူ့သူငယ်ချင်း ကောင်မလေး တစ်ယောက်ကိုခေါ်ပြီး Hoseok နဲ့ ရုပ်ရှင်သွားကြည့်ကြတယ်...
ဒါပေမယ့် ထင်ထားသလို အဆင်မပြေဘူး... သူခေါ်လာတဲ့ ကောင်မလေးကို Hoseok က နည်းနည်းလေးမှ စိတ်မဝင်စားဘူး...
ဖြစ်ချင်တော့ သူတို့သုံးယောက် ရုပ်ရှင် ကြည့်အပြီး ညစာစားဖို့ အသွားမှာ Jungkook နဲ့ သွားတွေ့တယ်... Jungkook က သူ့ သူငယ်ချင်းတွေနဲ့ သူ hangout လုပ်နေတာ...
တော်သေးတာပေါ့... Hoseok နဲ့ ShinAh နှစ်ယောက်တည်း မဟုတ်လို့.... နောက်ထပ် မိန်းခလေး တစ်ယောက်ပါလာလို့ပဲ... အခုအချိန် ShinAh တစ်ယောက် သူငယ်ချင်း ခေါ်သွားဖို့ အကြံပေးတဲ့ Haneul ကို ကျေးဇူးတင် နေမိတော့တယ်...
YOU ARE READING
The First Dance [Completed]
FanfictionBTS fanfic (short) Main:: Min Yoongi x Haneul (OC) Supporting:: Jimin x Sojin (OC), JungKook x ShinAh (OC) Taehyung, Jin, Hoseok, Rap Monster --------------- [Unicode] ကုန်ပဏီ အကြီးကြီး တစ်ခုမှာ အလုပ်လုပ် နေကြတဲ့ လူငယ်တစ်စုနဲ့ သူတို့ကြားက ရှုပ်ထွေးတ...