Part (7)

1K 108 4
                                    

[Unicode]

အခု company dinner and dance ပွဲစပြီ... Haneul နဲ့ Yoongi က တစ်စားပွဲထဲ... မျက်နှာချင်းဆိုင် ထိုင်နေကြတယ်... အဲ့တော့ နှစ်ယောက်သား ခဏ ခဏ အကြည့်ချင်းတွေ စုံနေကြတော့တာပေါ့... Haneul ဘေးမှာက တစ်ဖက်က ShinAh တစ်ဖက်က Taehyung...

အနုမြူအချောင်းလးတွေ စားပွဲပေါ်ချပေးထားတာ သူများတွေ လက်ကောက်လုပ်ပြီး တပ်နေတာ တွေ့တော့ Haneul လည်း ကောက်တပ်ဖို့ လုပ်တယ်... ဒါပေမယ့် သူမ မတပ်တပ်ဘူး ဖြစ်နေတယ်...

ဒါနဲ့ ဘေးက ShinAh ကိုမေးဖို့လုပ်တော့ သူမကJungkook နဲ့ ဘာတွေပြောပြီး ရယ်နေလဲ မသိဘူး... မနှောက်ယှက်ချင်တာနဲ့ ကိုယ့်ဘာကိုယ်ပဲ တပ်ဖို့ ဆက်ကြိုးစားနေတယ်...

ဒါကို Yoongi က တွေ့နေတယ်... အားမလို အားမရ ဖြစ်ပြီး သူမကို လာတပ်ပေးလိုက်ချင်တယ်... ဒါပေမယ့် စားပွဲတစ်ပတ်ကြီး တကူးတကလာရမှာဆိုတော့ သူများတွေ တမျိုး ထင်ကုန်မှာ စိုးတာနဲ့ ဒီတိုင်းပဲ အသည်းယားစွာနဲ့ ကြည့်နေရတယ်...

Haneul ဘေးက Taehyung က သူမ တပ်မရဖြစ်နေတာ တွေ့တာနဲ့ ဟက်ဟက် ပက်ပက် ရယ်လိုက်ပြီး

Taehyung: "ဟားဟား... သနားပါတယ်... လာ... ငါတပ်ပေးမယ်..."

သူမလက်ကို ဆွဲယူပြီး သေချာတပ်ပေးနေတယ်... Yoongi တစ်ယောက် မျက်နှာချင်းဆိုင်ကနေ လှမ်းကြည့်ပြီး စိတ်တွေတိုနေတာ... မျက်နှာကြီးကို မည်းလို့ရယ်...

Taehyung က နောက်လက်တစ်ဖက်ကို တပ်ပေးဖို့လုပ်တော့... Yoongi ဆက်ကြည့် မနေနိုင်တော့ တာနဲ့ပဲ...

Yoongi: "Haneul-shi..."

ထူးထူးခြားခြား Min Yoingi က သူမ နာမည်လှမ်းခေါ်တော့ သူမ လှမ်းကြည့်လိုက်တယ်... Taehyung ကပါ လိုက်ကြည့်နေတယ်...

Yoongi: "ကျနော့်ဟာ ယူမလား? တပ်ပြီးသား..."

ပြောပြောဆိုဆိုနဲ့ သူ့လက်က လက်ကောက်ကို ဖြုတ်လိုက်တယ်...

Haneul: "ဒါဆို Yoongi ကရော?"

Yoongi: "မဝတ်ချင်လို့..."

The First Dance [Completed]Where stories live. Discover now