Shame

6.9K 706 78
                                    

Wu YiFan
သူသည်...နက်ပြာရောင် ရှပ်အင်္ကျီနှင့်
ခဲရောင် စတိုင်ပင်ကို ဝတ်ဆင်ထားသည်...
အတန်အသင့် တင်းရင်းသော...သူ့လက်မောင်းသားများက ရှပ်အင်္ကျီလက်အောက်မှ ရုန်းကြွ
နေကြသည်...

ဆံပင်တို့ကို သပ်သိမ်းထားသော...သူ...
မကြာခင်...ဖြစ်လာတော့မည့် အရှုပ်အထွေးများကို ဖြေရှင်းရလျှင် ဤသို့ လူကြီးလူကောင်း
ဆန်ဆန် နေနိုင်ဦးမည်လား

ကျွန်တော် တွေးနေမိသည်...

Sehunက...ပန်းနုဖျော့ရောင် နှင်းဆီပွင့်ဖတ်များ၏...အရင်းမှ အရောင်အသွေးမျိုးရှိသော...
အနောက်တိုင်းဝတ်စုံကို အပေါ်အောက်ဝတ်ဆင်ထားသည်...

Luhan...သူကတော့...အဖြူရောင်ပေါ်တွင်...
အနက်ရောင်မျဉ်းဖြောင့်ပါးပါးတစ်ကြောင်းသာ ဖြတ်လွှမ်းထားသည့် ရှပ်အင်္ကျီကို ဝတ်ဆင်ထားသည်...အနက်ရောင်ဘောင်းဘီနှင့်...

ကျွန်းသားစားပွဲခုံကို ဝန်းရံပြီး ကျွန်တော်တို့ ထိုင်နေမိကြသည်...
Luhanက စားပွဲခုံ၏ တစ်ဖက်စွန်းမှာ
တစ်ယောက်တည်း...
ကျွန်တော်ကLuhan၏ ဘက်ဖက်...
Oh Sehunက သူ၏ညာဖက်တွင်...
ရှိနေသည်...

YiFanကတော့...စားပွဲတွင် ရှိမနေ...
ကျွန်တော်တို့အား နောက်ကျောပေးအနေ
အထားဖြင့် အဖြူရောင် ကန့်လန့်ကာများ
တလူလူလွင့်နေသော တံခါးပေါက်မှတစ်ဆင့်...
ခြံထဲသို့...လှမ်းကြည့်နေသည်...

ကျွန်တော့်ရှေ့မှ Luhanနှင့် Sehunသည်
အပြန်အလှန် အပေးအယူမျှဖို့ရန် ကြိုးစား
နေကြသည်...

Sehunက...Luhan ခံစားနေရဟန်ရှိသော
ထိတ်လန့်မှုနှင့် တုန်လှုပ်မှုကို
အတတ်နိုင်ဆုံး ဖြေလျော့ပေးရန် ကြိုးစားနေသလို...သူကိုယ်တိုင်လည်း အနည်းငယ်
တော့ စိတ်လှုပ်ရှားနေသည်ဟု ကျွန်တော်
ထင်မိသည်...လွန်ခဲ့သော ညက...သူ
ကျွန်တော့်အား ဖုန်းဆက်ခဲ့သည်...

"Hello..."

"YiXing...ဖုန်းပြောလို့ရလား
အဆင်ပြေလား"

"အာ...ရပါတယ်...Sehun shi"

"Hyungလေ...သူ အဆင်သင့်ဖြစ်နေပြီ...
အဲဒါ...ကျွန်တော်တို့ YiFanနဲ့ တွေ့ကြမှာ"

"........."

"အဲဒီနေ့မှာ...ခင်ဗျားကို ရှိစေချင်တယ်...
ခင်ဗျားရှိနေရင်...သူ အားဖြစ်တာပေါ့"

FATEWhere stories live. Discover now