မိုးစက်မိုးပေါက်များက မြက်ခင်းပြင်ပေါ်သို့...
အဆက်မပြတ်ကျဆင်းနေသည်...မီးခိုးဖျော့ရောင် တိမ်စိုင်တိမ်အုပ်တွေက...
မြင်ကွင်းထဲရှိရှိသမျှ...ကောင်းကင်တပြင်လုံးကို...
ထူထူထဲထဲ ပိန်းအုပ်စွာ နေရာယူလို့...ပြတင်းပေါက်တွေကနေတစ်ဆင့် ...
အစိမ်းရောင် ခြံဝန်းကျယ် ဥယျာဉ်ကြီးကိုကျော်ပြီး
လှမ်းမျှော်ကြည့်လိုက်ရင်
မူလအရွယ်အစားထက် အနည်းငယ် သေးကွေးစွာမြင်ရတဲ့ အနက်ရောင်ခြံတံခါးကြီးတွေဟိုးဝေးဝေးဆီမှာတော့...မိုးရေစက်တွေကြောင့်...တဖွားဖွား... ဂယက်ထနေတဲ့ ကန်ရေပြင်...
အရင်နေ့တွေမှာတော့ သူက ဝင်လုလုနေမင်းရဲ့...
ဆည်းဆာသွေးအရောင်အဝါနှင့်... ရွှမ်းရွှမ်းစားစား
တောက်ပလို့ ရှိခဲ့သည်ပေါ့...ဒီမြင်ကွင်းကို တစိမ့်စိမ့် ငေးကြည့်ရင်း အနက်ရောင် ကားတစ်စီး ဝင်လာတာကို မျက်လုံးထဲ မြင်ယောင်
ကြည့်နေရတာမျိုးက...ကျွန်တော့်ရဲ့ နိစ္စဓူဝလို ဖြစ်နေသော လုပ်ငန်းစဉ်တစ်ခု...တစ်ခါတစ်လေတော့လည်း တွေးမိသည်...
ကျွန်တော့်ရဲ့...နေ့ရက်တိုင်းကို ဖြတ်သန်းပုံသည်
ပျင်းရိဖွယ်...ရုပ်ရှင်ထဲမှ လူအများ ကျော်ချသွားလေ့ရှိသည့် ဇာတ်ဝင်ခန်းများနှင့် တူနေလိမ့်မည်လားဟု...ပန်းချီကားတစ်ချပ်ဆိုလျှင်ရော...
အင်း...ပန်းချီဆိုလျှင်တော့ ဆိုးလှမည်မထင်...
အခုလိုမျိုး ပြတင်းပေါက်မှ နေ၍ ခပ်ဝေးဝေးသို့ လှမ်းမျှော်နေသည့် လူတစ်ယောက်၏ နောက်ကျောပြင်ကို မြင်လျှင်...သူ ဘာပြောမလဲ ကျွန်တော် သိချင်သည်...ဟော...သူလာပြီ~
အနက်ရောင်ထီးတွေနဲ့...မိုးရေထဲ ခြံတံခါးဖွင့်ပေးဖို့ ပြေးထွက်သွားတဲ့...အိမ်ထိန်းတွေကို ကြည့်ရင်း...
ကျွန်တော်...ပြတင်းဘေးက ကြိုးစကိုဆွဲ...
အဖြူရောင်ခန်းဆီးစကို...ပိတ်ကာလိုက်မိသည်ခြံဝင်းထဲကို ဝင်လာတဲ့ ကားစက်သံညက်ညက်...
တံခါးလက်ကိုင်ကို ဆွဲပြီး ဖွင့်ပေးတဲ့အခါ ထွက်ပေါ်လာတဲ့ အသံ...
ကားပေါ်ကနေ ခြေချလိုက်တဲ့အခါ သူ့ရှုးဖိနပ်ခွာနဲ့ သမံတလင်းထိခတ်မိသံ...
အဝတ်စတို့ ပွတ်တိုက်မိတဲ့အခါ ထွက်ပေါ်လာတဲ့အသံ...
ကားတံခါး... ပြန်ပိတ်လိုက်သံ...
YOU ARE READING
FATE
Fanfictionအကယ်၍သာ... ဘဝမှာ တစ်ချို့အရာတွေဟာ အနားမှာ ဆက်လက် တည်မြဲနိုင်ဖို့ အစဉ်တစိုက် တန်ဖိုးထားမှု လိုအပ်ကြောင်း ကြိုသိခဲ့မယ်ဆိုရင်... အကယ်၍သာ... ဘဝမှာ တစ်ချို့အရာတွေဟာ ကိုယ်ထင်မှတ် ယုံကြည်ထားသလို ထစ်ထစ်ချ ဖြစ်မလာနိုင်ကြောင်း ကြိုသိခဲ့မယ်ဆိုရင်... အကယ်၍သာ...