The old us

6.8K 726 43
                                    

ဖြူလွလွ...ဆင်စွယ်ရောင်...အုကာဖွေးသော...
နှင်းဆီဖြူများက...ကျွန်တော့်ပတ်ဝန်းကျင်တစ်ခုလုံး
နေရာယူထားသည်...
ဝင်သက်ထွက်သက်များကို ရှုရှိုက်လိုက်တိုင်း...
ရရှိနေသော နှင်းဆီရနံ့များက...
ကျွန်တော့်အသည်းစိုင်အား
ဖြစ်ညစ်ဆုပ်ကိုင်ထားသလိုပင်...
တင်းကျပ်ရင်မောနေပြီး ထူးဆန်းစွာပင်... ထိုခံစားချက်ဝယ်... လှိုက်မောပျော်ဝင်နေမိသည်...

ကျွန်တော့်ရှေ့တွင်...မြင်နေရသည်က...သူ...
စတွေ့တုန်းကလိုပင် ဆင်စွယ်ရောင် အနောက်တိုင်း ဝတ်စုံနှင့်...မိုးရေများသာ စိုရွှဲမနေလျှင်...သူ့ဆံပင်
များကို...ညာဘက်သို့ အနည်းငယ်...ယိုင်ဖီး
ထားခဲ့လိမ့်မည်...

ကျွန်တော်...ကောင်းကောင်းပင် မယုံကြည်နိုင်...
အရောင်စုံသော...လှပသော...ငြိမ့်ညောင်းသော အိပ်မက်ရှည်ကြီးတစ်ခုကို...မက်နေရသလို...

ထိုအိပ်မက်မှ ကြည်နူးစွာဖြင့် နိုးထလိုက်ရမည်ကို...
နှမြောတသ စိုးရွံ့နေမိသည်...

ကျွန်တော့်အား...ငုံထားမတတ် ချစ်ရှာသည်ဟု...
ကျွန်တော်ကိုယ်တိုင်ကပင် ကရုဏာသက်မိသူ...
ကျွန်တော် တစ်ဖက်သတ်အနိုင်ယူလည်း ကြည်ဖြူစွာ ပြုံးကြည့်နေတတ်သောသူ...
ကျွန်တော် အခွင့်ကောင်းယူနိုင်သော အချစ်များကို
ပိုင်ဆိုင်သူ...
ကျွန်တော်ပြောသမျှ...မျက်စိမှိတ်ယုံတတ်သော...
တစ်ခါက...ကျွန်တော့်ချစ်သူ...

သူသည်... နူးညံ့သော...မျက်ဝန်းများဖြင့် ကျွန်တော့်တစ်ကိုယ်လုံး...ကြည်နူးမှုဖြင့်...ပျော်ဝင်သွားလုမတတ် ခပ်ငေးငေးစိုက်ကြည့်နေသည်...

/ Hyung လည်း အရင်လိုပဲ /

သူ့စကားသံက တိုးဖျော့သည်...
ညင်သာသည်...နူးညံ့သည်...
ပြစ်တင်ခြင်း...ငြူစူခြင်း အလျင်းရှိမနေ...
ကျွန်တော့်ရင်ကို...နွေးစေသည်...

တစ်ချိန်တည်းမှာ ကျွန်တော် လိပ်ပြာမသန့်...
နွေးထွေးသော်လည်း သိမ်ငယ်နေသည့် ခံစားမှုမျိုးကို ပေါ့ပေါ့ပါးပါး ပြောဆို ဆက်ဆံမှုမျိုးနှင့် တွန်းလှန်နိုင်ရန် ကြိုးစားနေရသည်
ဟန်ဆောင်နေရသည်...

"မတွေ့တာ...ကြာခဲ့ပြီ"

"နောက်လဆို...ငါးနှစ်နဲ့ ငါးလ"

FATEWhere stories live. Discover now