Just...you

6.5K 719 32
                                    

"ထတော့...Baby..."

"ဟင်...အင်း..."

ပါးနှစ်ဖက်ကို...တစ်ပြိုင်တည်း ဆွဲညှစ်ခံလိုက်ရမှု
ကြောင့်...ကျွန်တော့် အာရုံကြောများ ဖြန်းခနဲ... နိုးကြားသွားသည်...ဟင့်အင်း...လန့်ဖျပ်သွားသည်
မျက်လုံးများ...ဖွင့်လိုက်တော့...ခပ်ဝါးဝါး...
မကြည်မလင်...အလင်းများ...စူးနေသည်...

"ပြတင်းပေါက်...ပိတ်ပေး"

ကျွန်တော်...စောင်ကို...မျက်နှာပေါ် အုပ်လိုက်မိ
သည်...မမှေးတမှေး ဖြစ်နေသည့်အခါမျိုး တွင်...
အလင်းများ စူးနေလျှင်...မီးလာဖွင့်လျှင်...
ကျွန်တော် ခေါင်းကိုက်သည်...

"ထတော့...Baby...အိပ်ပုပ်မနေနဲ့"

ပြတင်းပေါက်...လိုက်ကာကြိုးဆွဲသံကို...ကြားလိုက်ရပြီး...အိပ်ရာဘေးနား...နင့်ခနဲဖြစ်သွားသည်...

သူ...ကျွန်တော့်ပုခုံးကို ပုတ်နှိုးနေပြန်သည်...

"ဘာလဲကွာ...အိပ်ချင်သေးတယ်...
စောသေးတဲ့ဟာ"

" ဒီနေ့...ဧည့်သည်လာမှာ...Babyရဲ့...
ထ...ထ...ရေမိုးချိုး"

"ဟင်...ဘယ်က ဧည့်သည်လဲ"

ကျွန်တော်...လေးဖင့်စွာဖြင့်...ထလိုက်မိသည်~

ညက...ကျွန်တော်တို့ နှစ်ယောက်လုံး အိပ်ရာဝင် နောက်ကျသည်~ကောင်းကောင်း မအိပ်ရသေး...

ဒါလည်း...သူ့ကြောင့်ပင်ဖြစ်သည်...

ကျွန်တော့်မှာ...သူ့ကြောင့်...မျက်ရည်ကျရသည်...
သူ့ကြောင့် နာကျင်ခံစားရသည်...
သူ့ကြောင့်...အိပ်ရေးပျက်ရသည်...
အခု...သူ့ကြောင့်...ခါးအောက်ပိုင်းက နာသည်... သူ့ကြောင့်...သူ့ကြောင့်တွေ...တော်တော်များလေသည်

သူ့ကြည့်ရတာတော့...ဘာမှမဖြစ်သလို... မနက်ခင်းတစ်ခုတွင်...ရှိသင့်ရှိထိုက်သည့် တက်ကြွလန်းဆန်းမှု ဆိုတာထက်ပင်...
ပိုရှိနေသလို...

ဟွန်း...မုန်းစရာ...
တကယ်ကို...မုန်းစရာကြီး ဖြစ်သည်...

"ပြီးမှ...ပြောမယ်...သွား...ရေအရင်ချိုး...
မျက်နှာမှာလည်း... မျက်ဝတ်တွေနဲ့... "
"အင်းပါ...လောလိုက်တာ"

အိပ်ရာပေါ်မှ...မထချင်...ထချင်ဖြင့် ထလာရသော ကျွန်တော့်ကို...သူက...ရေချိုးခန်းဆီတွန်းပို့
နေသည်...

FATEWhere stories live. Discover now