SunShine

2.8K 122 10
                                    

မင်းရဲ့အချစ်တွေက

ငါ့အနာဂတ်ကို

နေမင်းရဲ့အလင်းလို

တောက်ပစေတယ်..

♕ ♕ ♕ ♕ ♕ ♕ ♕ ♕ ♕ ♕

'Unnie..ထတော့လေ..ဒီနေ့ schedule
ရှိတယ်မလား'

'Hmm..'

သူမ တိုးတိုးလေးညည်းလိုက်ရင်း
မျက်လုံးကို ဖြည်းဖြည်းချင်းဖွင့်လိုက်တော့
Yoona က သူမကို ပြုံးပြီးကြည့်နေသည်။

မနက်​ခင်းရဲ့ နတ်​သမီး​လေးက သူ့​ရှေ့​ရောက်​​နေတာပဲ~~

Yoona က အပြင်သွားမလို့ထင်သည်။
သူမပြင်ဆင်ထားပုံအရ။မှုန်​စုတ်​စုတ်​နဲ့ သူ့
အနားကို Yoona မျက်နှာလေးက
တဖြည်းဖြည်းနီးကပ်လာပြီး..

'ဒီနေ့ အိပ်ယာက ထဦးမှာလား....ဒါမှမဟုတ် ဒီလောက်ကြည့်နေပုံထောက်ရင်...
Chaw အရမ်းလှနေလို့လား'

Yoona က နောက်သလိုလိုပြောလာတော့..
သူ မနိုသ်ဘူးဆိုတဲ့ ပုံဖမ်းလိုက်ကာ​​​Yoona ကို တွန်းဖယ်လျက်​..မျက်လုံးတွေကို ပွတ်ရင်း ထထိုင်လိုက်သည်။

'အပြင်သွားမလို့လား..'

'ဟုတ်​..seunggi oppa နဲ့
သွားတွေ့မလို့'..

Yoona ရဲ့ စကား​ကြောင့်​ Yuri မျက်နှာပျက်​သွား
မှန်းမသိသာ​အောင်​ အမြန်​ထိန်းလိုက်​ရသည်​။
မီဒီယာတွေကို အသိမပေးရသေးပေမဲ့
Yoona က member တွေကိုတော့
သူနဲ့တွဲနေမှန်း ပြောပြထားသည်။

'​သြော်​..ဘယ်တော့ ပြန်ရောက်မှာလဲ'..

'ညနေလောက်တော့ ပြန်ရောက်မှာပါ.
ဘာလို့လဲ'..

Yoona ကသူမရဲ့ နာရီလေးက်ုပတ်လိုက်ရင်းပြောလိုက်သည်
အဲ့နာရီလေးက yoona မွေးနေ့တုန်းက
သူအမှတ်တရ​လက်ဆောင်ပေးခဲ့တာလေ..

'ဟင်..ဒီည sunny မွေးနေ့ ပါတီ ရှိတယ်လေ'

Yoona တယောက်ထိတ်​လန့်သွားပြီး..
'ဟုတ်သားပဲ..မေ့နေလိုက်တာ..
ဘယ်လိုလုပ်မလဲ..'

'ရပါတယ်..ငါတို့ စီစဉ်ထားလိုက်မယ်..
ဒါပေမဲ့ အဲ့မတိုင်ခင်တော့ပြန်လာနော်..'

'Nae~~ အာ့တွေကြောင့် ဒီက
Yul unnie ကိုချစ်နေရတာ'.

Yoona က သူမကိုဖက်ပြီးပြောလာတော့.
Yoona နဖူးကို ခပ်ဖြေးဖြေးရိုက်ကာ..

Us Under The Sky (Same Hearts)\\YoonYul\\Where stories live. Discover now