အနားကပ်သွားလျှင်...သူ့ဆီမှ...ခရင်မ် ချိုချိုလေးများ၏...အမွှေးနံ့အီအီလေးတစ်ခုကို...
ရနိုင်သည်...ထိုရနံ့လေးကို ကျွန်တော်ချစ်သည်

သူနှင့်ပက်သက်သမျှ အရာရာတိုင်းသည်...သူ့ကို တွေ့လိုက်ရသည့်အခါ...သေတ္တာလေးတစ်လုံးကို အမှတ်တမဲ့ ဆွဲလှပ်မိလိုက်သလို...
တစ်ခုချင်းစီ အပြည့်အဝပြန်လည်ထွက်ပေါ်
လာကြသည်...

အမှတ်တရ ဟူသည် မှေးမှိန်သွားရိုးသာ ရှိမည်
ဘယ်တော့မှ လုံးဝမပျောက်ကွယ်...

အခုတော့...ထိုသို့မဟုတ်တော့...

သို့သော်
တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ ဖြစ်ပေါ်လာသော ခံစားချက်များ... ပျော်ရွှင်မှုများကို
သဘောတကျ ငေးမောမိရင်း...
နာကျင်စရာခွဲခွာရခြင်းမှလွဲ၍...အတိတ်၏
ကြည်နူးစရာမှန်သမျှကို...ကျွန်တော်တို့နှစ်ယောက်
ပြန်လည်တူးဆွဖြစ်ကြသည်...ထင်သည်~
ဟုတ်သည်...ဒီလိုနည်းဖြင့်...ဖြေသိမ့်နိုင်ကြသည်...

"မိုးတိတ်သွားပြီ..."

YiXingက...အနည်းငယ် စိုရွှဲနေသော...
အင်္ကျီလက်များကို ခါ၍...အိမ်ထဲ ဝင်လာသည်~

ဟုတ်ပါရဲ့...

အပြင်ဘက်တွင်...မိုးက တိတ်စပြုပြီ...
မှောင်ချိန်တန်ပြီဖြစ်သော်လည်း
ပြတင်းပေါက်မှတစ်ဆင့်ကြည့်လိုက်လျှင်...
ညနေခင်း၏...ဆည်းဆာသွေးလက်ကျန်က ပုစွန်ဆီသွေး ရွှမ်းရွှမ်းဝေဝေ...

Sehunက ကျွန်တော်နှင့်...စကားပြောနေရင်း...
ပြတင်းဘက်ဆီသို့ ...ထသွားသည်...

ကျွန်တော့်ထက် တစ်နှစ်သာငယ်သော်လည်း...
ကျွန်တော့်သဘောကျ...Hyungဟု...
တမြတ်တနိုး.တလေးတစားခေါ်တတ်သော
Hunသည်...အရင်ကတော့...ချာတိတ်လေးတစ်
ယောက်လို ချစ်ဖို့ကောင်းပြီး...အခုတော့...လူကြီး
လူကောင်းတစ်ဦးနှင့် တူနေပြီ...

"Hyung...ဒီကိုလာပြီး ကြည့်စမ်းပါဦး"

"ကြည့်စမ်း...Hun...ဟိုးဘက်မှာ မြင်နေရတာ အဲဒါ ငါတို့အိမ်ပဲ...တိုက်ဆိုင်လိုက်တာ..."

ဆည်းဆာအောက်တွင်...နီညိုရောင်အဆောက်
အဦကို...မှုန်ဝါးဝါးအနေအထား... သို့သော်...
သိသိသာသာ မြင်နေရသည်...

FATEWhere stories live. Discover now