နေ့ရက်များကအစ...အတိအကျ...
ကျွန်တော်နှင့် ပက်သက်လျှင် အစစအရာရာ အသေးစိတ်ကျလွန်းသော သူက...အခုထိလည်း... မပြောင်းလဲသေး...

အနေရခက်နေသည့် ပုံစံလေးက အစ တစ်ပုံစံတည်း ကျွန်တော်နှင့် ဘယ်နှစ်ခါအနမ်းပေးပြီးသည်ဖြစ်စေ မျက်နှာချင်းဆိုင်မိလျှင် စစတွေ့တုန်းက အတိုင်းပင်
မဝံ့မရဲရှက်နေတတ်သော...သူ့ပင်ကိုဟန်လေးကို...ကျွန်တော် ဖမ်းဆုပ်မိသောအခါ အတိတ်ကို လွမ်းသွားမိသည်...

"ဒီနှင်းဆီပန်းတွေက..."

သူ...မဖြေ...အပြုံး ပြေပြေလေးနှင့်...ကျွန်တော့်ကို
စိုက်ကြည့်နေသည်...

ကျွန်တော့်အား ထာဝရသိမ်းထားချင်သည် ဆိုသော...သူ့မျက်ဝန်းများမှာ ယခုထိတိုင်...
ရှင်သန်နေဆဲဟု...ကျွန်တော် ထင်မိသည်အထိ~

/မင်းကလေ...ဟောဒီ နှင်းဆီပန်းနဲ့ သိပ်တူတာပဲ... ငါကလည်း အဖြူရောင် နှင်းဆီလေးတွေဆို... သိပ်ချစ်တာ...
ဘယ်လိုလုပ်ရပါ့/

ထိုစဉ်က...ကျွန်တော် မူးနေသည်...မထုံတတ်တေး
သူ့ပုံစံကို...အသည်းယားကာ...သူ ဖွင့်ပြောလာစေ
ဖို့ အစွမ်းကုန်ကြိုးစားသည်...
စစတွေ့ချင်းတုန်းက ဆင်စွယ်ရောင်ဝတ်စုံနှင့် သူ့ပုံစံက ကျွန်တော့်မျက်စိထဲ ဖျောက်မရ...
ဒီတော့ နှင်းဆီပန်းနှင့် တင်စားကာ...
ကျွန်တော် အမွှန်းတင်သည်...
တကယ်တော့...ကျွန်တော် မည်သည့်နှင်းဆီ...
မည်သည့်ပန်းကိုမှ မချစ်...ကျွန်တော် ချစ်သည်က သူ့ကို ဖြစ်သည်...

အင်း...အရင်တုန်းက...

ဟုတ်သည်...အရင်တုန်းက

နာရီစက္ကန့်တံများ...တဖြတ်ဖြတ်ရွေ့လျားနေမြဲ
မိုးရေစက်များကလည်း တပေါက်ပေါက်ကျဆင်းနေမြဲ
သဘာဝတရားက...ဖြစ်မြဲအတိုင်း...သဘာဝကျကျ
ပင် ဆက်လက်စီးဆင်းနေသည်...ကျွန်တော်တို့ လူသားများကသာ အမျိုးမျိုး ပြောင်းလဲသွားကြသည်

အရင်တုန်းကတော့...
သူ့ မျက်တောင်စင်းစင်းလေးများ၏...အဖွင့်အပိတ် အသွားအလာကို ကြည့်လျှင် သူ့စိတ်ထဲ ဘာဖြစ်ချင်
နေသလဲ ကျွန်တော် သိသည်...

နားဖျားလေးများရဲနေလျှင် သူ့ဝဲဘက်ရင်အုံပေါ်
ကျွန်တော် စမ်းသပ်ကြည့်ပြီး ချစ်တယ်ဆိုတာ ဒီလိုပါလားဟု ခံစားသိနိုင်သည်...

FATEDove le storie prendono vita. Scoprilo ora