Ep~24

6.9K 699 40
                                    

3 Years Later

"Hyung...နောက်နေ့ကျရင် Seoul အနှံ့
လျှောက်လည်ခွင့်ပေးရမယ်နော်.."

"Aigoo..တစ်ရက်လေးတော့နား
မှပေါ့..တစ်လတောင်အချိန်ရှိသေးတာကို.."

ကိုရီယားကိုခဏတာသာပြန်လာခဲ့တာ..
အလုပ်ကြောင့်ပေါ့..တစ်လပြီရင် US ကိုသာ
ပြန်မှာ..

"အာ..Hyung ကလည်း..~"

သူ့ညီရဲ့ချွဲပစ်ပစ်ပြောနေသောရုံးပတေသီး
အသံကိုမတွန်းလှန်နိုင်ပါ..

"Okiee..okiee..As You wish..
Baby.."

"Yay...You are the Best Hyung.."

ဒီကလေးလေးရဲ့ရောဂါတွေပျောက်သွားတဲ့
အတွက် Suho လည်းအတော်ပင်စိတ်ချမ်း
သာရတယ်...
ဒါပေမယ့် Baekhyun ကတော့ကလေးဆန်
စွာချွဲပြီးချစ်ဖို့ကောင်းတတ်သောအကျင့်လေး
တွေကမပြောင်းလဲ...

သူ့ညီလေးနဲ့သူဒီလိုနေရတာနဲ့တင်ပျော်ပါ
တယ်...

"Hey guys..ဘာတွေလုပ်နေကြတာလဲ.."

"May...!"

Baekhyun ရဲ့အသံစူးစူးလေးကြောင့်
ကြည့်လိုက်တော့ အညိုရောင်ဆံပင်ကုတ်ဝဲ
လေးနဲ့ မျက်လုံးမှေးမှေးလေးနဲ့ကောင်မလေး.

May...Suho ရဲ့ညီမအရင်းလိုရင်းနှီးရပြီး
လုပ်ဖော်ကိုင်ဖက်ဆိုလည်းမမှားပေ...
တရုတ် အမေရိကန်ကပြားအဆက်လေး..
ကိုရီးယားစကားကိုလည်းမွေးရပ်မြေစကား
ပမာကျွမ်းကျွမ်းကျင်ကျင်ပြောတတ်၏..

Baekhyun ထက်အနည်းငယ်အသက်ကြီး
ပေမယ့် Baekhyun အတွက်တော့သူငယ်
ချင်း...Suho ကိုချွဲပြီးဆိုးနွဲ့ ညာစားနေကြ
တာ..Baekhyun နဲ့တစ်ဂိုဏ်းထဲ..
သုံးနှစ်ဆိုတဲ့အချိန်က သံ​ယောဇဉ်​ဖြစ်ပြီး
ရင်းနှီးသွားစေတဲ့အထိလုံလောက်တဲ့အချိန်ပါ
ပဲ...

"Byun Baekhyun..ငါလေနင့်မရှိတော့
ပျင်းနေတာ..အဲ့တာနဲ့ ဒီထိလိုက်လာတာ..
ခ်ခ်.."

"Over over...အပိုတွေ..နင့်ဟာနင်အလုပ်
ရှိလို့မဟုတ်ဘူးလားဟင်..တရုတ်မ.."

"Yah...ဘာကိစ္စအဲ့နာမည်...Noona လို့
ခေါ်.."

"ခေါ်စရာလား..နင့်လိုတရုတ်မကို..Noona
လို့..ဆုတောင်း.."

"ဘာ..ဒီကောင်စုတ်.."

အော်ဟော်...တွေ့တာနဲ့ဆော့ကြစကြလေပြီ
Baekhyun ကထွက်ပြေးကာ အနောက်က
May ဆိုတဲ့ကောင်မလေးကလိုက်နေ၏..

My Baby Baekhyunne(Completed)Where stories live. Discover now