Ep~2

12.7K 1K 34
                                    


"ပွဲကစ​တော့မယ်​​နော်​...ဒါရိုက်​တာ Park Chanyeol မ​ရောက်​​သေးဘူးလား...?"

"ကျ​တော်​​ရောက်​ပြီ...."

အရာရာကိုဦး​ဆောင်​ရမယ့်​​ခေါင်း​ဆောင်​တစ်​ဦးက
အချိန်​တိကျရမယ်​တဲ့...
တစ်​စက္ကန့်​​တောင်​​နောက်​မကျရဘူး...
ကျ​တော့်​အ​မေရဲ့သြဝါဒ​တွေပါ...

ကျ​တော့်​ကို​တွေ့​တော့​ဆေးရုံအုပ်​​တွေ​ရော ဆရာဝန်​အချို့ကပါအရိုအ​သေ​ပေးကြ​တော့
ကျ​တော်​လည်းအပြုံးတစ်​ပွင့်​ကိုဖန်​ဆင်းပြီး
အရိုအ​သေပြန်​​ပေးလိုက်​တယ်​...

စီးပွား​ရေး​လောက လူမှု​ရေး​လောက လူ့​လောက
မှာ​လေးစားမှုဆိုတာတစ်​​ယောက်​နဲ့တစ်​​ယောက်
ထားရှိသင့်​တဲ့အဓိကအချက်​​တွေပဲ....

ကျ​တော့်​ အ​မေရဲ့စကား​တွေဟာ​လေ ကျ​တော့်​နား
ထဲကို တူနဲ့ထုပြီးရိုက်​သွင်းထားသလိုပဲ ဆူးနစ်​​နေတယ်​...
အမြဲတမ်းပြန်​​ကြား​ယောင်​​နေမိတာ ကျ​တော့်
အ​မေရဲ့စကားသံ​တွေ...

"မင်္ဂလာပါ...ကျ​တော့်​က ​မြောင်​ဝူ​ဆေးရုံအုပ်
Kim Dongwoo ပါ..."

လက်​ကမ်း​ပေးလာ​သော​ဆေးရုံအုပ်​ဆိုတဲ့သူက
အသက်​က ငါးဆယ်​စွန်းစွန်း​လောက်​​တော့ရှိပီ
ထင်​တယ်​...

ကမ်း​ပေး​သောလက်​ကိုပြန်​ကိုင်​လိုက်​ကာလက်​ဆွဲနှုတ်​ဆက်​လိုက်​တယ်​...

"Nae..မင်္ဂလာပါ...ကျ​တော့်​က Park Gp ရဲ့ဒါရိုက်​တာ Park chanyeol ပါ..."

"ကျ​တော့်​တို့​ဆေးရုံကိုအခုလို​ထောက်​ပံ့​ပေးတာနဲ့
တင်​အထူး​ကျေးဇူးတင်​ပါတယ်​...ဒါရိုက်​တာ Park..."

"အာ...ကျ​တော်​တို့ Park Gp ကလည်းအခုလို
လူမှု​ရေးလုပ်​ငန်း​တွေကိုတက်​နိုင်​သ​လောက်​ကူညီ
ပေးခွင့်​ရတာနဲ့တင်​​ကျေးဇူးတင်​ပါတယ်​..."

တစ်ဦးအ​ပေါ်တစ်ဦး​​ဂါဝရတရား...
အ​ကောင်းဆုံးဖြစ်​မယ့်​စကား​တွေကို​ရွေးချယ်​ကာအပြုံးဖြည့်​ဆွတ်​ပြီး​ပြောလိုက်​​တော့​ဆေးရုံ
အုပ်​ Kim Dongwoo က​ခေါင်းတငြိမ့်​ငြိမ့်​နဲ့ပြန်​ပြုံးပြတယ်​...

My Baby Baekhyunne(Completed)Where stories live. Discover now